ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်မှာ တရားမဝင် ပြင်ပအရက်၊ ဘီယာတွေကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းရွာက မမေသန်းနုနဲ့ ဒေါ်အချေ (ခ) အဘုတို့ရဲ့ ကုန်စုံဆိုင်တွေမှာ တရားမဝင် ပြင်ပ အရက်၊ ဘီယာတွေကို ရောင်းချနေတဲ့အတွက် တပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေပူးပေါင်းပြီး ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်မှာ ဝင်ရောက်စစ်ဆေးခဲ့တာပါ။အဲလိုစစ်ဆေးရာမှာ မမေသန်းနုကုန်စုံဆိုင်က ဂြမ်းရွှေ ပုလင်း ၁၅ လုံး၊ ဂြမ်းအပြာ ၁၀ လုံးနဲ့ ABC ဘီယာ ၁၀၈ ဗူးတို့ကို သိမ်းဆည်းရမိခဲ့တာလို့ ဖော်ပြထားပါတယ်။အလားတူ ဒေါ်အချေ (ခ)အဘုရဲ့ ကုန်စုံဆိုင်မှာလည်း တရားမဝင် ရောင်းချနေတဲ့ ဂြမ်းရွှေပုလင်း ၂၃ လုံး/ ၃၅ ပိုင်း၊ ဂြမ်းစမုပုလင်း ၁၈ လုံး /အပိုင်း ၁၀ ပိုင်း၊ မြန်မာဘီယာ ခြောက်ဗူးနဲ့ ABC ဘီယာ ၁၀ ဗူးတို့ကို သိမ်းဆည်းမိခဲ့တယ်လို့ သိရပါတယ်။



