၂၀၂၆ ခုနှစ်၊ မတ်လ ၂၁ ရက် အိဒ်နေ့ (Eid al-Fitr) အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့၊ ရွှေဘုံသာလမ်းနှင့် အနော်ရထာလမ်းထောင့်အပါအဝင် နေရာအချို့တွင် လူဦးရေ ၃,၀၀၀ ခန့်အတွက် နို့စမိုင်နှင့် လက်ဖက်ရည် စတုဒီသာအလှူကို ယနေ့နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အဆိုပါအလှူကို ကမ္ဘာကျော်ဓာတုဗေဒနှင့် စားသောက်ကုန်လုပ်ငန်းမှ ဦးစီးကျင်းပခြင်းဖြစ်ပြီး အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်တို့တွင်လည်း ဝေငှလှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့ပြင် ပြီးခဲ့သည့် မတ်လ ၁၇ ရက် ညပိုင်း (ကုဒရ်ညမြတ်) ကလည်း ရွှေဘုံသာလမ်း၊ ၂၇ လမ်းနှင့် ၅၂ လမ်းအစရှိသည့် နေရာများတွင် စတုဒီသာအလှူများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
အိဒ်နေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့၊ ရွှေဘုံသာလမ်းတွင် လူဦးရေ ၃,၀၀၀ စာ နို့စမိုင်နှင့် လက်ဖက်ရည် အလှူဒါနပြုလုပ်
Mar 22 • 2:17 AM
Myanmar
Yangon
Share
| 7 | 0 | 0 | 0 |


