တောင်ကြီးတွင် သင်္ကြန်မဏ္ဍပ်များ စတင်ဆောက်လုပ်နေ

Mar 21 • 4:16 PM

breaking-news

Myanmar

Shan

cover

တောင်ကြီးတွင် သင်္ကြန်မဏ္ဍပ်များ စတင်ဆောက်လုပ်နေ

တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ရှမ်းပြည်နယ်လွှတ်တော်ခန်းမနှင့် ရှမ်းပြည်နယ်ယဉ်ကျေးမှု ပြတိုက်ကြားတွင် မဏ္ဍပ်ဆောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။ယခုနှ...

တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ရှမ်းပြည်နယ်လွှတ်တော်ခန်းမနှင့် ရှမ်းပြည်နယ်ယဉ်ကျေးမှု ပြတိုက်ကြားတွင် မဏ္ဍပ်ဆောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။ယခုနှစ် တောင်ကြီးမြို့တော် မဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်ပွဲ၊ စတုဒိသာကျွေးမွေးမှု တို့အပြင် မိန်းလမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်း) ပေါ်တွင် မဏ္ဍပ်များ ဆောက်လုပ်ပြီး ဖျော်ဖြေရေး အစီအစဉ် များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။တောင်ကြီးမြို့တော် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ကို ယခင်က ‌တောင်ကြီးမြို့၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းမပေါ်ရှိ မြို့မဈေးအနီးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားချိန် ကစတင်၍ မဏ္ဍပ်ဆောက်လုပ်နိုင်ခဲ့ခြင်းမရှိဘဲ ၂၀၂၃ ခုနှစ်၊ မဏ္ဍပ်ပြန်လည်ပြုလုပ်ချိန်တွင် ရှမ်းပြည်နယ် အစိုးရရုံး အနီး၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.



news-view-count-icon

8