နေပြည်တော်မှာ သင်္ကြန်ပွဲတော်ကာလအတွင်း စက်သုံးဆီ ချွေတာပြီးတော့ လမ်းလျှောက်သင်္ကြန်နဲ့ ကျင်းပသွားဖို့ ညွှန်ကြားထားတယ် လို့ ဆိုပါတယ်။
အခုနှစ် သင်္ကြန်ပွဲတော် ကျင်းပပြုလုပ်ဖို့အတွက် နေပြည်တော် မြို့တော်ခန်းမရှေ့မှာ မြို့တော်ဝန် သင်္ကြန်မဏ္ဍပ် စတင်ဆောက်လုပ်နေပြီ ဖြစ်သလို လမ်းလျှောက် သင်္ကြန်ကိုလည်း ထည့်သွင်း ကျင်းပသွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် အရင်နှစ် သင်္ကြန်ပွဲတော်ကာလတွေမှာတော့ နေပြည်တော် မြို့တော်ခန်းမရှေ့မှာ မြို့တော်ဝန် မဟာသင်္ကြန် မဏ္ဍပ် နဲ့ နေပြည်တော် လမ်းလျှောက်သင်္ကြန်ပွဲတော်တွေနဲ့ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး နိုင်ငံကျော် အနုပညာ ရှင်တွေ နဲ့ တေးသံရှင်တွေ၊ သင်္ကြန်ယိမ်းအကအဖွဲ့တွေရဲ့ ယိမ်းအကအလှတွေနဲ့ သီဆိုကပြ ဖျော်ဖြေတင်ဆက်ခဲ့ကြ တယ်လို့ သိရပါတယ်။



