ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၁၈ ရက်တွင် ဘားအံမြို့နယ် လွန်းညကျေးရွာ၌ ယာဉ်ရှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း ၅၁ မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၉,၃၆၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် လိုင်စင်မဲ့ယာဉ်ခြောက်စီး၊ လိုင်စင်ရှိယာဉ်နှစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၆,၅၀၀,၀၀၀ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၅,၈၆၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။



