back

ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ပြစ်မှု ထင်ရှားတဲ့ စင်ကာပူနိုင်ငံသားကို အမေရိကန် နှင်ထုတ်

Mar 21 • 4:33 AM

breaking-news

Singapore

Local News

cover

ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ပြစ်မှု ထင်ရှားတဲ့ စင်ကာပူနိုင်ငံသားကို အမေရိကန် နှင်ထုတ်

စင်ကာပူနိုင်ငံတည်ထောင်သူ လီကွန်းယုနှင့် ဘာသာရေးအပေါ် ဝေဖန်မှုများကြောင့် နာမည်ကျော်ခဲ့သူ အသက် ၂၇ နှစ်အရွယ် အမို့စ်ယီကို အမေရိကန်အစိုးရက စင်ကာပူနိုင်ငံသို့ ပြန်လ...

စင်ကာပူနိုင်ငံတည်ထောင်သူ လီကွန်းယုနှင့် ဘာသာရေးအပေါ် ဝေဖန်မှုများကြောင့် နာမည်ကျော်ခဲ့သူ အသက် ၂၇ နှစ်အရွယ် အမို့စ်ယီကို အမေရိကန်အစိုးရက စင်ကာပူနိုင်ငံသို့ ပြန်လည်နှင်ထုတ်လိုက်ရာ မတ်လ ၂၀ ရက်တွင် စင်ကာပူတရားရုံး၌ ရုံးတင်စစ်ဆေးခြင်း ခံခဲ့ရသည်။ ၎င်းသည် ၂၀၁၇ ခုနှစ်က အမေရိကန်တွင် နိုင်ငံရေးခိုလှုံခွင့် ရရှိခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်တွင် ကလေးသူငယ်ညစ်ညမ်းဗီဒီယို ပိုင်ဆိုင်မှုနှင့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးကို မတော်မတရားပြုကျင့်မှုတို့ဖြင့် အမေရိကန်၌ ထောင်ဒဏ်ကျခံခဲ့ရသူဖြစ်သည်။ လက်ရှိတွင် ၎င်းသည် စင်ကာပူ၌ စစ်မှုမထမ်းမနေရဥပဒေကို ရှောင်ရှားမှုစွဲချက်ဖြင့် ရင်ဆိုင်နေရပြီး၊ ယခင်က လီကွန်းယုနှင့် ခရစ်ယာန်ဘာသာအပေါ် စော်ကားသည့် ဗီဒီယိုများကြောင့် စင်ကာပူတွင် နှစ်ကြိမ်တိုင် ထောင်ကျဖူးသည့်အပြင် အခြားသော စွဲချက်သစ်များ ထပ်မံရင်ဆိုင်ရဖွယ်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

13