မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) မှ စီစဉ်ကျင်းပသည့် MFF U-15 Youth League 2026 ပြိုင်ပွဲ ပထမအဆင့် ရန်ကုန်ဇုံခြေစစ်ပွဲများကို ဧပြီလ (၄) ရက်မှ (၈)ရက်အထိ ကျ င်းပသွားမည်ဟု သိရသည်။ပြိုင်ပွဲ၏ ပထမအဆင့်ဖြစ်သည့် ရန်ကုန်ဇုံတွင် ယခုနှစ်ပြိုင် ပွဲဝင်ရောက်ရန် စာရင်းပေးသွင်းထားသည့် အသင်းများအား အုပ်စုပတ်လည်စနစ်ဖြင့် Qualification ပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ပြီး အုပ်စုတစ်ခုချင်းစီမှ ပထမနှင့် ဒုတိယရရှိသည့် အသင်းစုစုပေါင်း (၆) သင်းသည် နောက်တစ်ဆင့်သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။



