မွန်ပြည်နယ်တွင် စက်သုံးဆီပြတ်လပ်မှုနှင့်အတူ တစ်ပတ်အတွင်း ဆီဈေးနှုန်းများ အဆမတန်မြင့်တက်လာရာ မတ်လ ၂၀ ရက်နေ့တွင် 95 ဓာတ်ဆီတစ်လီတာ ၃,၉၅၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၅,၀၄၅ ကျပ်အထိ ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။ စက်သုံးဆီလုပ်ငန်းရှင်များက ယခုကဲ့သို့ ဈေးနှုန်းတက်ရခြင်းမှာ ကမ္ဘာ့စက်သုံးဆီဈေးနှုန်း မြင့်တက်မှုနှင့် အီရန်စစ်ပွဲကြောင့် သယ်ယူပို့ဆောင်ရေးနှောင့်နှေးမှုတို့နှင့် ဆက်စပ်နေကြောင်း ပြောဆိုကြပြီး၊ လက်ရှိတွင် ဆိုင်များ၌ ဝယ်ယူရန်ခက်ခဲခြင်းကြောင့် ပြင်ပမှောင်ခိုဈေးကွက်တွင် တစ်လီတာလျှင် ကျပ် ၁၂,၀၀၀ မှ ၁၅,၀၀၀ အထိ ပေါက်ဈေးရှိနေသည်။ အာဏာပိုင်များဘက်က ရက် ၄၀ စာ အရန်ဆီရှိကြောင်းနှင့် ဈေးတင်မရောင်းရန် သတိပေးထားသော်လည်း မြေပြင်တွင် ဆီဈေးနှုန်းများ ဆက်တိုက်မြင့်တက်ကာ အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရှိရပါသည်။
| 11 | 0 | 0 | 0 |


