back

ထိုင်းနိုင်ငံ၊ဖူးခက်တွင် တောင်ကိုရီးယား မူးယစ်ဂိုဏ်းသား ၄ ယောက်ကို ဖမ်းဆီးရမိခဲ့

Mar 21 • 2:19 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၊ဖူးခက်တွင် တောင်ကိုရီးယား မူးယစ်ဂိုဏ်းသား ၄ ယောက်ကို ဖမ်းဆီးရမိခဲ့

တောင်ကိုရီးယားရဲတပ်ဖွဲ့မှ တော်ဝင်ထိုင်းနိုင်ငံခြားရေးရာ ရဲတပ်ဖွဲ့ထံ သတင်းပေးမှုအရ ထိုင်းနိုင်ငံ ဖူးခက်တွင် ရှိနေသည့် တောင်ကိုရီးယား မူးယစ်ဂိုဏ်းသား ၄ ယောက်ကို ထ...

တောင်ကိုရီးယားရဲတပ်ဖွဲ့မှ တော်ဝင်ထိုင်းနိုင်ငံခြားရေးရာ ရဲတပ်ဖွဲ့ထံ သတင်းပေးမှုအရ ထိုင်းနိုင်ငံ ဖူးခက်တွင် ရှိနေသည့် တောင်ကိုရီးယား မူးယစ်ဂိုဏ်းသား ၄ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးနိုင်ခဲ့သည်။၎င်းတို့သည် ထိုင်းသို့ ရောက်ရှိနေပြီး တောင်ကိုရီးယားနိုင်ငံအတွင်း မူးယစ်ဆေးများ မှောင်ခိုသွင်းရန် စီစဉ်နေသည်ဟူသော သတင်းပေးချက်အရ ထောက်လှမ်းစောင့်ကြည့်မှုများ ပြုလုပ်အပြီး မတ် ၁၉ ရက်တွင် ဖမ်း၀ရမ်း ရရှိပြီးနောက် ဖူးခက်ရှိ ခို့ကရူးမူအန်းရပ်ကွက်ရှိ ဇိမ်ခံအိမ်ရာတစ်ခုသို့ ဝင်ရောက်စီးနင်းခဲ့ရာ မူးယစ်ဆေးများ၊ ဆေးသုံးသည့် ဆေးထိုးအပ်အပါ ဆက်စပ်ပစ္စည်းများကိုပါ တစ်ပါတည်း သိမ်းဆည်းမိပြီးနောက် စုံစမ်းစစ်ဆေးသူများထံ လွှဲအပ်လိုက်သည်။ဖမ်းမိသည့် မူးယစ်ဂိုဏ်းသား ၄ ယောက်မှာ ဆင်မ် (၄၃ နှစ်)၊ လီ (၃၂ နှစ်)၊ ကင်မ် (၃၁ နှစ်)၊ ဆို (၃၁ နှစ်) တို့ဖြစ်ကာ ဆေးသုံးထားခြင်း၊ ဗီဇာရက်လွန် နေထိုင်ခြင်းများကိုပါ ဖော်ထုတ်သိရှိခဲ့ရသည်။သိမ်းဆည်းရမိသော မူးယစ်ဆေးများမှာ ကက်တမင်း ၃၀၀ ဂရမ်၊ ICE ၁၀၀ ဂရမ်၊ မိုဘိုင်းဖုန်း ၆ လုံး၊ လက်တော့တစ်လုံး၊ CPU ကွန်ပျူတာတစ်လုံး၊ နာမည်ကြီးအမှတ်တံဆိပ် နာရီနှင့် အိတ် ၆ ခု၊ ခရက်ဒစ်ကတ် ၂ ခု တို့ပါ သိမ်းဆည်းမိခဲ့သည်။

news-view-count-icon

7