back

ပြည်ပရင်းနှီးမြှုပ်နှံမှုများအား အမေရိကန်ဒေါ်လာအပြင်တရုတ် ယွမ်ငွေဖြင့် ပါ လက်ခံမည်ဟု ထုတ်ပြန်

Mar 21 • 1:48 AM

breaking-news

Myanmar

Local

breaking-news
cover

ပြည်ပရင်းနှီးမြှုပ်နှံမှုများအား အမေရိကန်ဒေါ်လာအပြင်တရုတ် ယွမ်ငွေဖြင့် ပါ လက်ခံမည်ဟု ထုတ်ပြန်

ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် အမေရိကန် ဒေါ်လာအပြင် တရုတ်ယွမ်ငွေဖြင့် ပါလက်ခံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြ...

ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် အမေရိကန် ဒေါ်လာအပြင် တရုတ်ယွမ်ငွေဖြင့် ပါလက်ခံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန် ထားသည်။အဆိုပါ ရင်းနှီးမြှုပ်နှံမှုများကိုပိုမိုလွယ်ကူချောမွေ့စေရန်နှင့် ရင်းနှီးမြှုပ်နှံသူများ၏ လိုအပ် ချက်များကိုဖြည့်ဆည်းပေးနိုင်ရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံးသို့ အဆိုပြုချက်နှင့် အတည်ပြုလျှောက်ထားလွှာများ တင်ပြလျှောက်ထားရာတွင် ရင်းနှီးမြှုပ် နှံမည့် နိုင်ငံခြားမတည်ငွေရင်းကို အမေရိကန်ဒေါ်လာအပြင် တရုတ်ငွေကြေးယွမ်နှင့်ပါ လက်ခံဆောင်ရွက်ပေးလျက် ရှိကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရင်းနှီးမြှုပ်နှံသူသည် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားမတည်ငွေရင်းကိုအမေရိကန်ဒေါ်လာဖြင့် ယူဆောင်လာပါက အမေရိကန် ဒေါ်လာဖြင့်လည်းကောင်း၊ တရုတ်ယွမ်ငွေဖြင့် ယူဆောင် လာပါက တရုတ်ငွေကြေးယွမ်ဖြင့်လည်းကောင်း နိုင်ငံခြားသုံးငွေများ ရောင်းဝယ် ဖောက် ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုအတွက်လွှဲပြောင်း ပေးချေမှုများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ထားကြောင်း သိရသည်။

news-view-count-icon

43