စွမ်းအင်ဝန်ကြီးဌာနမှ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့ စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ CNG ဆိုင် (၄၁)ဆိုင်တွင် ပိတ်ရက်မရှိ CNG ဓာတ်ငွေ့များ ရောင်းချပေးလျက်ရှိသည်။ထိုသို့ရောင်းချပေးရာတွင် နေ့စဉ် မနက် လေးနာရီမှ ည(၁၁)နာရီအထိ ပိတ်ရက်မရှိ ရောင်းချပေးနေခြင်းလည်း ဖြစ်သည်။ လက်ရှိ၌ CNG ဆိုင်များတွင်လည်း CNGယာဉ်များနှင့် ပက်သက်၍ အများပြည်သူ သိရှိရန် အသိပေးဆိုင်းဘုတ်များ တပ်ဆင်ထားသည်ဟုလည်း ဆိုသည်။အဆိုပါအသိပေးဆိုင်းဘုတ်များတွင် CNGယာဉ်များအားလုံး CNG တံဆိပ်များ တပ်ဆပ်ထားရန်၊ သဘာဝဓာတ်ငွေ့ CNG(1kg) လျှင် ၂၇၃ကျပ်၊ ၂၅ ပြား ဖြင့်စျေးနှုန်းချိုသာစွာရောင်းချပေးနေသည့် အချက်များလည်း ပါဝင်သည်။စျေးတင်တိုးမြှင့်တောင်းခံမှုများရှိပါကလည်း ပြည်သူများအနေဖြင့် တိုင်ကြားနိုင်ကာ ဌာနမှလည်း ထိုယာဉ်များကို အမြင့်ဆုံးအနေဖြင့် CNG အသုံးပြုမှု ရာသက်ပန် ပိတ်သိမ်းသွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။



