အီရန်စစ်ပွဲတွင် အမေရိကနှင့် အစ္စရေးတို့၏ ရည်မှန်းချက်ပန်းတိုင်များမှာ မတူညီကြောင်း အမေရိကန် နိုင်ငံတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူး တူလ်ဆီ ဂါးဘတ်က မတ်လ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ အစ္စရေးက အီရန်ခေါင်းဆောင်ပိုင်းကို အားနည်းသွားစေရန် အဓိကထားနေပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကမူ အီရန်၏ ပဲ့ထိန်းဒုံးကျည်အစီအစဉ်နှင့် ရေတပ်ကို ဖျ-က်ဆီးရန် အာရုံစိုက်လျက်ရှိကြောင်း သိရသည်။သမ္မတက ချမှတ်ထားတဲ့ ရည်မှန်းချက်တွေဟာ အစ္စရေးအစိုးရက ချမှတ်ထားတဲ့ ရည်မှန်းချက်တွေနဲ့ ကွဲပြားနေပါတယ်” ဟု ဂါးဘတ်က အမေရိကအပေါ် ကျရောက်နိုင်သည့် ကမ္ဘာတစ်ဝန်း ခြိမ်းခြောက်မှုများဆိုင်ရာ လွှတ်တော်ထောက်လှမ်းရေးကော်မတီ၏ နှစ်ပတ်လည် ကြားနာပွဲတွင် ပြောကြားခဲ့သည်။



