back

ဟော်မုဇ်ရေလက်ကြား အကျပ်အတည်းကြောင့် သီရိလင်္ကာတွင်လည်း စုံ/မ နှင့် QR စနစ် စတင်ကျင့်သုံး

Mar 20 • 7:41 AM

breaking-news

Myanmar

International

cover

ဟော်မုဇ်ရေလက်ကြား အကျပ်အတည်းကြောင့် သီရိလင်္ကာတွင်လည်း စုံ/မ နှင့် QR စနစ် စတင်ကျင့်သုံး

ဟော်မုဇ်ရေလက်ကြား အခြေအနေနှင့် ဆက်စပ်ပြီး စက်သုံးဆီ ရရှိမှု အခက်အခဲများကြောင့် သီရိလင်္ကာနိုင်ငံသည် ဆီရောင်းချမှုအပေါ် ထပ်တိုးကန့်သတ်ချက်များ ချမှတ်လိုက်သည်။ ယခ...

ဟော်မုဇ်ရေလက်ကြား အခြေအနေနှင့် ဆက်စပ်ပြီး စက်သုံးဆီ ရရှိမှု အခက်အခဲများကြောင့် သီရိလင်္ကာနိုင်ငံသည် ဆီရောင်းချမှုအပေါ် ထပ်တိုးကန့်သတ်ချက်များ ချမှတ်လိုက်သည်။ ယခုအခါ မော်တော်ယာဉ်များကို ဆီဖြည့်ပေးရာတွင် QR ကုဒ်စနစ်အပြင် ယာဉ်အမှတ်အသား (လိုင်စင်နံပါတ်) ၏ နောက်ဆုံးဂဏန်း အပေါ်တွင်လည်း မူတည်သွားမည် ဖြစ်သည်။စုံဂဏန်းဖြင့်ဆုံးသော ကားများသည် စုံရက်စုံများတွင် ဆီဖြည့်ရမည်။ မဂဏန်းဖြင့် ဆုံးသော ကားများသည် မရက်များတွင် ဆီဖြည့်ရမည်။ဤဆုံးဖြတ်ချက်ကို သီရိလင်္ကာ ရေနံကော်ပိုရေးရှင်း(Ceylon Petroleum Corporation) ၏ ဦးဆောင်မှုဖြင့် မတ်လ ၁၉ ရက်နေ့တွင် စတင်ကျင့်သုံးခဲ့သည်။ ဤစနစ်ကြောင့် ဆီဆိုင်များတွင် တန်းစီရမှုကို လျှော့ချနိုင်ပြီး ကန့်သတ်ထားသော အရင်းအမြစ်များကို ပိုမိုမျှတစွာ ခွဲဝေပေးနိုင်မည်ဟု အာဏာပိုင်များက မျှော်လင့်ထားကြသည်။




news-view-count-icon

17