ကမ္ဘောဒီးယားနိုင်ငံသည် ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့မှ စက်သုံးဆီတင်ပို့မှု လျော့နည်းသွားခြင်းကို အစားထိုးရန်အတွက် စင်ကာပူနှင့် မလေးရှားနိုင်ငံတို့ရှိ ဖြန့်ဖြူးရောင်းချသူများထံမှ စက်သုံးဆီ ကိုပိုမို၍ တင်သွင်းရန် လုပ်ဆောင်နေကြောင်း သတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီး ကဲအို ရတ်တာနက်က ပြောကြားခဲ့ပါသည်။ ယခုကဲ့သို့ အပြောင်းအလဲလုပ်ဆောင်ရခြင်းမှာ အမေရိက-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော ပဋိပက္ခအပါအဝင် ပထဝီနိုင်ငံရေး တင်းမာမှုများကြောင့် ကမ္ဘာ့စက်သုံးဆီဈေးကွက်တွင် အနှောင့်အယှက်များ ဖြစ်ပေါ်နေခြင်းကြောင့် ဖြစ်သည်။



