၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို မန္တလေးမြို့ နန်းမြို့ကျုံးပတ်လည်၌ မဏ္ဍပ်ပေါင်း ၄၀ ကျော်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပရန် ပြင်ဆင်နေကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။ ယခုနှစ်တွင် ဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ မဏ္ဍပ်များအပြင် ၂၆ လမ်းတစ်လျှောက် လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးနှင့် လက်ဖက်ဆိုင်ရာ ရိုးရာအစီအစဉ်များ၊ အုန်းလက်မဏ္ဍပ်များနှင့် စဉ့်အိုးများဖြင့် ရိုးရာယဉ်ကျေးမှုပေါ်လွင်အောင် စီစဉ်ထားသည်။ ဗဟိုမဏ္ဍပ်တွင် အဆိုတော်များ၏ ဖျော်ဖြေမှု၊ ယိမ်းအကပြိုင်ပွဲနှင့် အလှပြယာဉ်ပြိုင်ပွဲများ ပါဝင်မည်ဖြစ်ပြီး ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မတ်လ ၁၈ ရက်တွင် မြို့တော်ဝန်နှင့် တာဝန်ရှိသူများ ညှိနှိုင်းအစည်းအဝေးပြုလုပ်ကာ တာဝန်များခွဲဝေချထားပေးခဲ့ကြောင်း သိရှိရပါသည်။
မန္တလေးနန်းမြို့ကျုံးပတ်လည်တွင် မဏ္ဍပ် ၄၀ ကျော်ဖြင့် ၂၀၂၆ မဟာသင်္ကြန်ပွဲတော်ကို စည်ကားစွာကျင်းပမည်
Mar 20 • 2:39 AM
Myanmar
Mandalay
Share
| 11 | 0 | 0 | 0 |


