မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် ၎င်းတို့၏ အောင်ပွဲအထိမ်းအမှတ်အဖြစ် မတ်လ ၁၉ ရက်နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် (SSBU) ၌ စုပေါင်းကုသိုလ်ဒါန ပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားတွင် အသင်းအုပ်ချုပ်မှုအဖွဲ့နှင့် ကစားသမားများက အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိထံမှ ဩဝါဒခံယူခဲ့ကြပြီး တက္ကသိုလ်ရှိ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကာ ရရှိသောကုသိုလ်အဖို့ဘာဂများကို ပရိသတ်များထံသို့ ပြန်လည်မျှဝေခဲ့ကြကြောင်း သိရှိရပါသည်။
Mar 20 • 2:17 AM
Myanmar
Shan
Share
| 14 | 0 | 0 | 0 |


