ကချင်ပြည်နယ်၊ ပူတာအိုမြို့ကို အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးသောမြို့များဆု7th ASEAN ESC Award နဲ့ 6th Certificate of Recongnition ဆုတွေမှာ ပါဝင်ယှဉ်ပြိုင်သွားဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။
အဲဒီလို ထည့်သွင်းယှဉ်ပြိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေဆောင်ရွက်နိုင်ရေး မတ်လ ၁၇ ရက် ညနေပိုင်းက ပြည် နယ်အစိုးရအဖွဲ့ရုံး ခါကာဘိုရာဇီခန်းမမှာ ပြည်နယ်ရွေးချယ်ရေးကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်း အဝေး ပြုလုပ်ခဲ့ပါတယ်။ပူတာအိုမြို့ဟာ မြန်မာနိုင်ငံမြောက်ပိုင်းမှာ တည်ရှိပြီး အေးချမ်းသာယာတဲ့ ရာသီဥတု၊ ရေခဲဖုံးလွှမ်းနေတဲ့တောင် တန်းကြီးတွေနဲ့ဝန်းရံနေပြီး ရေမြေတောတောင် သဘာဝအလှတရားတွေနဲ့ ပြည့်စုံတဲ့ မြို့တစ်မြို့ဖြစ်တယ်လို့ ဆို ပါတယ်။ဒါကြောင့် ပူတာအိုမြို့ရဲ့ သန့်ရှင်းသာယာလှပမှု၊ ပတ်ဝန်းကျင်နဲ့ ညီညွတ်မှုကို အာဆီယံနိုင်ငံတွေအကြား ပြသနိုင် ပြီး နိုင်ငံရဲ့ပုံရိပ်ကို မြှင့်တင်ပေးရာရောက်စေတဲ့အပြင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကို များစွာအထောက်အကူပြုစေ မယ်လို့ သိရပါတယ်။


