မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းရဲ့ စီစဉ်ကြီးကြပ်မှုနဲ့ သင်္ကြန်အကြိုဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့မှာ နှစ်နေရာခွဲပြီး ကျင်းပသွားမယ်လို့ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းကနေ သိရပါတယ်။အဲဒီဈေးရောင်းပွဲတော်မှာ ပြည်တွင်းထုတ် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ပဲပုပ်ဆီတို့ကို ရောင်းချပေးသွားမှာဖြစ်ပြီး လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)ရုံးရှေ့နဲ့ ရန်ကင်းမြို့နယ်၊ ရန်ရှင်းလမ်း၊ ရန်ကင်းဈေးမှတ်တိုင်အနီး ရွှေအုန်းပင်အိမ်ရာရှေ့တို့မှာ မနက်(၉)နာရီကနေ ညနေ(၅)နာရီ အထိ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ဈေးရောင်းပွဲတော်မှာ (ဘူးခွံအပါအဝင်) မြေပဲဆီတစ်ပိဿာကို (၁၈,၅၀၀)ကျပ်နှုန်းနဲ့ လွတ်လပ်စွာ ရောင်းချပေး မှာဖြစ်ပြီး အသင့်ထည့်သွင်းထုပ်ပိုးထားတဲ့ ၂၅ ကျပ်သားပါဆီဘူးကနေ ၁၀ ပိဿာဝင်ဘူးတွေအထိ အရွယ်အစား စုံ ဆီဘူးတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းအနေနဲ့ စားသုံးသူတွေ သက်သာချောင်ချိရေးကို ရှေးရှုပြီး တစ်နှစ်ကိုသုံးကြိမ် ဈေးရောင်းပွဲတော် ကျင်းပကာ ရောင်းချပေးနေတယ်လို့ သိရပါတယ်။
Mar 20 • 1:18 AM
Myanmar
Yangon
Share
| 9 | 0 | 0 | 0 |


