အရှေ့တောင်အာရှဒေသကို တစ်ခုတည်းသော ခရီးသွားဒေသအနေနဲ့ မြှင့်တင်ဖို့ ကုမ္မဏီတွေအနေနဲ့ အာဆီယံ ခရီးသွားလုပ်ငန်းစျေးကွက်ရှာဖွေရေးအေဂျင်စီ (ASEAN Tourism Marketing Agency)အဖြစ် လျှောက်ထား နိုင်တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကနေ သိရပါတယ်။လျှောက်ထားတဲ့ အေဂျင်စီတွေအနေနဲ့ ဒစ်ဂျစ်တယ်စျေးကွက်ရှာဖွေရေးနဲ့ ကမ်ပိန်းတွေကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ကနေ ၂၀၂၇ ခုနှစ်၊ မေလအထိ (၁)နှစ်သက်တမ်း တာဝန်ယူရမှာဖြစ်ပြီး (၃)နှစ်အထိ သက်တမ်း တိုးနိုင်မှာ ဖြစ်ပါ တယ်။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ စျေးကွက်မြှင့်တင်ရေးလုပ်ငန်းတွေမှာ အတွေ့အကြုံ အနည်းဆုံး (၅)နှစ်ရှိရမှာ ဖြစ်ပြီး စျေးနှုန်းအဆိုပြုလွှာတင်ပြရာမှာ ဒစ်ဂျစ်တယ်စျေးကွက်အတွက် အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ကနေ ၁၂၀,၀၀၀ အတွင်းနဲ့ ကမ်ပိန်းတွေအတွက် အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ကနေ ၅၀,၀၀၀ အတွင်း ခွဲခြားဖော် ပြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။စိတ်ပါဝင်စားသူတွေအနေနဲ့ အဆိုပြုလွှာတွေကို megawati@asean.org ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး အီးမေးလ်နဲ့ ပေးပို့လျှောက်ထားနိုင်တယ်လို့သိရပါတယ်။
| 16 | 0 | 0 | 0 |


