back

ယခုနှစ် မန္တလေး သင်္ကြန်မှာ နန်းမြို့ ကျုံးပတ်လည်၌ မဏ္ဍပ် ပေါင်း ၄၀ ကျော်ဖြင့် စည်ကားစွာ ကျင်းပသွားမည်

Mar 19 • 5:31 AM

breaking-news

Myanmar

Local

breaking-news
cover

ယခုနှစ် မန္တလေး သင်္ကြန်မှာ နန်းမြို့ ကျုံးပတ်လည်၌ မဏ္ဍပ် ပေါင်း ၄၀ ကျော်ဖြင့် စည်ကားစွာ ကျင်းပသွားမည်

၂၀၂၆ ခုနှစ် မန္တလေးမြို့တော် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို နန်းမြို့ ကျုံးပတ်လည်၌ မဏ္ဍပ်ပေါင်း ၄၀ ကျော်ဖြင့် စည်ကားစွာ ကျင်းပသွားမှာဖြစ်ကြောင်း ...

၂၀၂၆ ခုနှစ် မန္တလေးမြို့တော် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို နန်းမြို့ ကျုံးပတ်လည်၌ မဏ္ဍပ်ပေါင်း ၄၀ ကျော်ဖြင့် စည်ကားစွာ ကျင်းပသွားမှာဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ထံမှ သိရပါတယ်။ အဆိုပါ မဏ္ဍပ်များတွင် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ မဏ္ဍပ်များလည်း ပါဝင်ပြီး ၂၆ လမ်းတစ်လျှောက် လမ်းလျှောက်သင်္ကြန်၌ မြန်မာ့ရိုးရာသနပ်ခါးနှင့် လက်ဖက် ဒြပ်မဲ့ယဉ်ကျေးမှုများကို ဂုဏ်ပြုသည့် အစီအစဉ်များလည်း ထူခြားစွာ ထည့်သွင်းကျင်းပသွားမှာဖြစ်ကာ လောင်းလှေများ၊ စဉ့်အိုးများ၊ အုန်းလက်မဏ္ဍပ်များဖြင့် ရှေးရိုးရာ အစဉ်အလာအတိုင်း ရေကစားနိုင်အောင် စီစဉ်ပေးမှာဖြစ်ကြောင်း သိရပါတယ်။ မန္တလေးမြို့တော် ဗဟိုမဏ္ဍပ်ကြီးမှာလည်း သင်္ကြန်ပွဲတော် အကြိုနေ့ ဖွင့်ပွဲ၌ နိုင်ငံကျော်အဆိုတော်များ၊ အခြေခံပညာကျောင်းအသီးသီးမှ ယိမ်းအကအဖွဲ့ဝင် ကျောင်းသူလေးများရဲ့ ကပြမှုများ၊ မန်းစည်ပင် ယိမ်းအကအဖွဲ့မှ ဖျော်ဖြေတင်ဆက်မှုများ၊ နိုင်ငံကျော် မြို့မ ငွေငန်းအလှပြယာဉ်ကြီးအပြင် ပြိုင်ပွဲဝင် အလှပြယာဉ်များ၊ ပြိုင်ပွဲဝင် ယိမ်းအကအလှအဖွဲ့များဖြင့် စည်ကားစွာ ကျင်းပသွားမှာဖြစ်သလို ဆုများကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးသွားဖြစ်တယ်လို့ အဆိုပါကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။မန္တလေးမြို့တော် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကြီးမှာ ဓာတ်ပုံပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။၂၀၂၆ ခုနှစ် ၊ မန္တလေးမြို့တော် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပရေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၁၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ပွဲတော်ကျင်းပရေး ဦးစီးကော်မတီနာယက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးကျော်ဆန်း တက်ရောက်ကာ ဦးစီးကော်မတီများနှင့် ဆပ်ကော်မတီများကို ဖွဲ့စည်းတာဝန် ပေးအပ်ထားပြီး ဖြစ်ကြောင်း သိရပါတယ်။

news-view-count-icon

26