back

အင်းလေးဒေသတွင် ခေတ်ကာလ အခြေအနေကို အခွင့်ကောင်းယူပြီး တရားမဝင် ငွေတိုးချေးသူများက အဆမတန် အတိုးနှုန်းယူနေ

Mar 19 • 4:19 AM

breaking-news

Myanmar

Shan

cover

အင်းလေးဒေသတွင် ခေတ်ကာလ အခြေအနေကို အခွင့်ကောင်းယူပြီး တရားမဝင် ငွေတိုးချေးသူများက အဆမတန် အတိုးနှုန်းယူနေ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် နိုင်ငံရေးနှင့် စီးပွားရေး မတည်ငြိမ်မှုများကို အခွင့်ကောင်းယူကာ ဒေသခံအချို့က တရားမဝင် ငွေတိုးချေးစေသည့် လ...

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် နိုင်ငံရေးနှင့် စီးပွားရေး မတည်ငြိမ်မှုများကို အခွင့်ကောင်းယူကာ ဒေသခံအချို့က တရားမဝင် ငွေတိုးချေးစေသည့် လုပ်ငန်းများကို လုပ်ဆောင်နေပြီး ငွေကြေးချေးယူသူများအပေါ် အနိုင်အထက် ပြုကျင့်မှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။အင်းလေးဒေသ ဟဲယာရွာမကျေးရွာအုပ်စုအတွင်းရှိ ရှေ့ရပ်ကြီးရပ်ကွက်တွင် နေထိုင်သည့် မိသားစုနှစ်စုသည် တရားဝင်လိုင်စင်ရ အပေါင်ဆိုင်များ မဟုတ်ဘဲ အခြေခံလူတန်းစားများ၏ အခက်အခဲကို အခွင့်ကောင်းယူကာ အတိုးနှုန်းကို စိတ်ကြိုက်သတ်မှတ်၍ တောင်းခံနေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ဒေသခံများ၏ ပြောပြချက်အရ ချေးယူထားသော အရင်းငွေထက် နှစ်ဆမကသော အတိုးနှုန်းများကို တစ်လအတွင်း ပေးဆောင်နေရပြီး အရင်းဆပ်ပြီးသော်လည်း ကျန်ရှိနေသည့် အတိုးအပေါ် ထပ်ဆင့်တိုး ကောက်ခံနေကြောင်း အမည်မဖော်လိုသည့် ဟဲယာရွာမဒေသခံတစ်ဦးကပြောသည်။“အခြေအနေက တော်တော်ဆိုးပါတယ်။ အရင်း ၁ သိန်းချေးရင် ၁ လကို အတိုးတင် ၂ သိန်းပေးနေရတယ်။ အရင်းပြန်ဆပ်နိုင်ရင်တောင် အတိုးပေါ်မှာ အတိုးထပ်ဆင့်ပြီး ဇွတ်တောင်းနေတာ” ဟု ၎င်းက ပြောသည်။အကြွေးဆပ်ရန် ခက်ခဲနေသည့် မိသားစုများထံမှ လှေများ၊ ရွှေထည်များနှင့် လက်ကိုင်ဖုန်းများကိုလည်း အတင်းအဓမ္မ သိမ်းယူမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

news-view-count-icon

10