back

စားသုံးသူနဲ့ လုပ်ငန်းရှင်များ သတိပြုဖွယ်- ၂၀၂၆ အခွန်ဥပဒေသစ်တွင် အပျော်အပါးပစ္စည်းများ အခွန်နှုန်းထား မြင့်တက်လာ

Mar 18 • 4:03 PM

breaking-news

Myanmar

Local

cover

စားသုံးသူနဲ့ လုပ်ငန်းရှင်များ သတိပြုဖွယ်- ၂၀၂၆ အခွန်ဥပဒေသစ်တွင် အပျော်အပါးပစ္စည်းများ အခွန်နှုန်းထား မြင့်တက်လာ

လာမည့် ဧပြီလ ၁ ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံတစ်ဝန်းတွင် ကျင့်သုံးတော့မည့် “၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ” ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယနေ...

လာမည့် ဧပြီလ ၁ ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံတစ်ဝန်းတွင် ကျင့်သုံးတော့မည့် “၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ” ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယနေ့တွင် အတည်ပြုပြဋ္ဌာန်းလိုက်သည်။ ဈေးသက်သာသော စီးကရက်များ: တစ်ဗူးလျှင် အလိပ် ၂၀ ပါဝင်သော စီးကရက်တစ်ဗူး၏ ရောင်းဈေးမှာ ၁၀၀၀ ကျပ်အောက် ဖြစ်ပါက တစ်လိပ်လျှင် ၁၅ ကျပ် အခွန်ဆောင်ရမည်။အလယ်အလတ်တန်းစား: ရောင်းဈေး ၁၀၀၁ ကျပ်မှ ၂၀၀၀ ကျပ်ကြား ဖြစ်ပါက တစ်လိပ်လျှင် ၂၈ ကျပ်။အဆင့်မြင့်စီးကရက်များ: ရောင်းဈေး ၂၀၀၁ ကျပ်နှင့်အထက် စီးကရက်များအတွက်မူ တစ်လိပ်လျှင် ၃၁ ကျပ် အထိ အခွန်နှုန်းထား မြင့်တက်သွားမည် ဖြစ်သည်။ကျေးလက်ဒေသ သုံးစွဲမှုများပြားသည့် ဆေးပေါ့လိပ် များမှာမူ တစ်လိပ်လျှင် ၂ ကျပ် နှုန်းဖြင့် အနည်းငယ်သာ ကောက်ခံရန် သတ်မှတ်ထားသည်။အရက်နှင့် ဘီယာကို ဝါသနာပါသူများအတွက်လည်း ယခုဥပဒေသစ်က အချက်ပေးခေါင်းလောင်းသံ ဖြစ်လာနိုင်သည်။ ဘီယာအမျိုးမျိုးအပေါ် အခွန်နှုန်းထားကို ၆၀ ရာခိုင်နှုန်း အထိ မြင့်မားစွာ သတ်မှတ်ထားပြီး၊ အရက်အမျိုးမျိုးအတွက်မူ တန်ဖိုးအလိုက် အခွန်ကို လှေကားထစ်စနစ်ဖြင့် သတ်မှတ်ထားသည်။ဈေးအသက်သာဆုံး အရက် (တစ်လီတာ တန်ဖိုး ၇၀၀ ကျပ်အောက်) ဆိုလျှင် အခွန် ၃၈၇ ကျပ် သာ ကျသင့်မည် ဖြစ်သော်လည်း၊

​အဆင့်မြင့် တန်ဖိုးကြီးအရက်များ (တစ်လီတာ တန်ဖိုး ၃၇,၅၀၁ ကျပ်နှင့်အထက်) ဆိုပါက တစ်လီတာလျှင် ၆,၆၁၃ ကျပ် အထိ အခွန်ပေးဆောင်ရမည် ဖြစ်သည်။လူထုကြား သုံးစွဲမှုအလွန်များပြားသည့် ကွမ်းစားဆေးအမျိုးမျိုး၊ ဆေးရွက်ကြီးနှင့် ဆေးအိုးများအပေါ်တွင်မူ အခွန်နှုန်းထားကို ၈၀ ရာခိုင်နှုန်း အထိ အဆမတန် မြင့်မားစွာ သတ်မှတ်လိုက်ခြင်းကြောင့် ရှေ့ပြေးဈေးကွက်အတွင်း ကွမ်းယာဈေးနှုန်းများ ရိုက်ခတ်မှုရှိလာနိုင်ကြောင်း ခန့်မှန်းရသည်။ဤဥပဒေသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၀၂၇ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ တစ်နှစ်ပတ်လုံး အကျုံးဝင်မည်ဖြစ်သည်။ အစိုးရအနေဖြင့် ကျန်းမာရေးအတွက် ထိခိုက်စေနိုင်သည့် အပျော်အပါး ကုန်စည်များအပေါ် အခွန်တိုးမြှင့်ကောက်ခံခြင်းဖြင့် နိုင်ငံတော်အခွန်ဘဏ္ဍာကို မြှင့်တင်ရန်နှင့် သုံးစွဲမှုလျှော့ချရန် ရည်ရွယ်ပုံရသည်။




news-view-count-icon

25