မတ်လ ၁၇ ရက် နံနက် ၁၀ နာရီခွဲက ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင် ကော့ကျန်းဒေသ အမှတ် ၃၃၁ အဝေးပြေးလမ်းမကြီးဘေး အမှိုက်ပုံဘေးတွင် မွေးကင်းစကလေးငယ်တစ်ဦး စွန့်ပစ်ထားသည်ကို ဆိုင်ကယ်စီးလာသော မြန်မာအမျိုးသမီးတစ်ဦးက တွေ့ရှိခြင်းဖြစ်သည်။ ကလေးငယ်သည် တစ်ရက် သို့မဟုတ် နှစ်ရက်သားအရွယ်ဖြစ်ပြီး ပလပ်စတစ်အိတ်အနက်ရောင်ဖြင့် ထုပ်ထားသည်ကို တွေ့ရကြောင်း ဖော်ပြသည်။ မြန်မာအမျိုးသမီးသည် ကလေးငယ်ကို အခန်းသို့ ခေါ်ယူလာခဲ့ပြီး ကနဦးတွင် ပြုစုစောင့်ရှောက်ပေးရန် စဉ်းစားခဲ့သော်လည်း မတတ်နိုင်ကြောင်း ဆိုသည်။ ထို့ကြောင့် မူလနေရာတွင် ပြန်သွားထားရန် စဉ်းစားနေစဉ် အဆောင်ပိုင်ရှင်က တွေ့၍ ရဲတပ်ဖွဲ့ထံ တိုင်ကြားပေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။



