ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား (OWIC) လက်ဝယ်ကိုင်ဆောင်ထားသူများအနေဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာမည်ဆိုပါက ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က စတင်ပြီး သတ်မှတ်စည်းကမ်းများနှင့် အညီ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၏ ခွင့်ပြုချက်ရယူပြီးမှသာ ပြည်ပကို ပြန်လည်ထွက်ခွာရန် လိုအပ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထပ်မံအသိပေးကြေညာထားကြောင်း သိရသည်။PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့ ထွက်ခွာမည့်သူများအတွက် ကျွမ်းကျင်မြန်မာလုပ်သားများ စေလွှတ်နိုင်ရေး နှင့် ပတ်သက်ပြီး လုပ်ဆောင်ရမည့် လုပ်ငန်းအစီစဉ်များကိုလည်း ၂၀၂၅ ခုနှစ် မတ်လအတွင်းက ထုတ်ပြန်ထားပြီး ပြည်ပထွက်ခွာခွင့်နှင့် ပတ်သက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ အနည်းဆုံး ရုံးပိတ်ရက်မပါ ၅ ရက် ကြိုတင်လျှောက်ထားရမည်ဖြစ်ကြောင်းလည်း သိရသည်။



