back

မတ်လ စတုတ္ထပတ်အတွင်း မြို့ကြီးအများစုတွင် နေ့အပူအချိန်များ မြင့်တက်လာနိုင်ပြီး အပူကြောင့် မိုးများ ရွာသွန်းလာနိုင်ဟုဆို

Mar 18 • 6:39 AM

breaking-news

Myanmar

Local

breaking-news
cover

မတ်လ စတုတ္ထပတ်အတွင်း မြို့ကြီးအများစုတွင် နေ့အပူအချိန်များ မြင့်တက်လာနိုင်ပြီး အပူကြောင့် မိုးများ ရွာသွန်းလာနိုင်ဟုဆို

မတ်လ စတုတ္ထပတ်အတွင်း မြို့ကြီးအများစုတွင် နေ့အပူအချိန်များ မြင့်တက်လာနိုင်ပြီး အပူကြောင့် မိုးများ ရွာသွန်းလာနိုင်တယ်လို့ မိုးဇလပညာရှင် အချို့ထံက သိရပါတယ်။ပြောင...


မတ်လ စတုတ္ထပတ်အတွင်း မြို့ကြီးအများစုတွင် နေ့အပူအချိန်များ မြင့်တက်လာနိုင်ပြီး အပူကြောင့် မိုးများ ရွာသွန်းလာနိုင်တယ်လို့ မိုးဇလပညာရှင် အချို့ထံက သိရပါတယ်။ပြောင်းလဲလာနိုင်မည့် အမြင့်ဆုံးနေ့အပူချိန်များအဖြစ် မကွေးတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် မတ်လ စတုတ္ထပတ်အတွင်း နေ့အပူချိန်များဟာ ၄၀ ဒီဂရီဆဲလ်စီးရပ် မှ ၄၂ ဒီဂရီဆဲလ်စီးရပ် အထိ မြင့်တက်လာနိုင်တယ်လို့ မိုးဇလပညာရှင် ဦးဝင်းနိုင်က မတ် ၁၇ ရက်က သုံးသပ်ပြောကြားထားပါတယ်။

ချင်းပြည်နယ်-စစ်ကိုင်းတိုင်းထိစပ်ဒေသများ၊ ချင်းပြည်နယ်-ရခိုင်ပြည်နယ်ထိစပ်ဒေသများ၊ ချင်းပြည်နယ်-မကွေးတိုင်းထိစပ်ဒေသများ၊ မန္တလေးတိုင်း-ရှမ်းပြည်နယ်ထိစပ်ဒေသများ၊ နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ပဲခူးတိုင်းတို့၏ နယ်နိမိတ်ထိစပ်ဒေသများ၊ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်ထိစပ်ဒေသများတွင်တော့ မနက်ရော ညများတွင်ပါ အနိမ့်ဆုံးအပူချိန် ၂၀ ဒီဂရီဆဲလ်စီးရပ် အောက်တွင် ဆက်လက်ရှိနေနိုင်တယ်လို့လည်း ဦးဝင်းနိုင်က ဆိုထားပါတယ်။လာမယ့် မတ်လ ၂၀ ရက်မှ ၂၂ ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်း၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ ရှမ်းပြည်တောင်ပိုင်းဒေသများမှာ အပူကြောင့်ဖြစ်တဲ့ မိုးတိမ်တိုက်တွေကြောင့် ရုတ်တရက် ကွက်ကျားမိုး ရွာနိုင်ပြီး မိုးနဲ့အတူ မိုးခြိမ်း၊ မိုးကြိုးပစ်၊ မိုးသီးကြွေ၊ လေပြင်းတိုက်တာတွေပါ ကြုံရနိုင်တယ်လို့ မိုးဇလပညာရှင် ဒေါက်တာ စိုင်းခွန်အာကာက သုံးသပ်ထားပါတယ်။


news-view-count-icon

29