back

လားရှိုးမြို့တွင် မူးယစ်ဆေးဝါးများနဲ့အတူတရားခံများ ဖမ်းဆီးရမိခဲ့

Mar 18 • 6:36 AM

breaking-news

Myanmar

Local

breaking-news
cover

လားရှိုးမြို့တွင် မူးယစ်ဆေးဝါးများနဲ့အတူတရားခံများ ဖမ်းဆီးရမိခဲ့

မတ်လ ၁၇ ရက်နေ့ ၁၀နာရီ၁၅ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ လားရှိုးမြို့၊ ...

မတ်လ ၁၇ ရက်နေ့ ၁၀နာရီ၁၅ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ လားရှိုးမြို့၊ ရပ်ကွက်(၇)နေ လောက်ခမ်း(ခ)အားခမ်း ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၈၀)နှင့် ဘိန်းဖြူ အလေးချိန် ၁၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ် ၂ သိန်း)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် လောက်ခမ်း(ခ)အားခမ်း(၃၂)နှစ်အား လားရှိုးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိပါတယ်။



news-view-count-icon

25