ထိုင်းမှာ ဒီနေ့ Gasohol 95 ဈေးနှုန်း ၁ ဘတ်နဲ့ ဒီဇယ်ဈေးနှုန်း ၅၀ Satang တက်မည်

Mar 18 • 5:10 AM

breaking-news

Thailand

Local News

cover

ထိုင်းမှာ ဒီနေ့ Gasohol 95 ဈေးနှုန်း ၁ ဘတ်နဲ့ ဒီဇယ်ဈေးနှုန်း ၅၀ Satang တက်မည်

မတ်လ ၁၇ ရက်နေ့ ညနေပိုင်းမှာ ဒုတိယဝန်ကြီးချုပ်နဲ့ ပို့ဆောင်ရေးဝန်ကြီး Pipat Ratchakitprakarn ဦးဆောင်တဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခ စောင့်ကြည့်ရေးနဲ့ စီမံခန့်ခွဲရေး...

မတ်လ ၁၇ ရက်နေ့ ညနေပိုင်းမှာ ဒုတိယဝန်ကြီးချုပ်နဲ့ ပို့ဆောင်ရေးဝန်ကြီး Pipat Ratchakitprakarn ဦးဆောင်တဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခ စောင့်ကြည့်ရေးနဲ့ စီမံခန့်ခွဲရေးဗဟိုဌာန (CMA) အစည်းအဝေးကနေ စွမ်းအင်စျေးနှုန်း ထိန်းချုပ်ရေး အစီအမံတွေကို ကြေညာခဲ့ပါတယ်။ ဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက်အရ၊ ဒီနေ့ မတ်လ ၁၈ ရက် ကစပြီး ဒီဇယ်ဆီစျေးကို ၅၀ Satang တိုးမြှင့်ကောက်ခံမှာဖြစ်ပြီး အများဆုံး ၃၃ ဘတ်အထိပဲ သတ်မှတ်ထားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

စွမ်းအင်ဝန်ကြီး Atthapol Rerkpipibun ရဲ့ ပြောကြားချက်အရ အရှေ့အလယ်ပိုင်း အပြင် America နဲ့ Angola တို့ဆီကနေ ရက်ပေါင်း ၁၀၁ ရက်စာ သုံးစွဲဖို့ လုံလောက်တဲ့ ရေနံစိမ်းတွေ ထပ်မံရရှိထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပြည်သူတွေ စိုးရိမ်တကြီး ဝယ်ယူစုဆောင်းကြတဲ့အတွက် အရောင်းပမာဏ နှစ်ဆလောက် တက်သွားပြီး ဆီသယ်ယူပို့ဆောင်ရေးအပိုင်းမှာ အခက်အခဲ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီ ပြဿနာကို ဖြေရှင်းဖို့အတွက် နိုင်ငံတကာက ဆီသယ်ယာဉ်တွေ ပိုမိုဝင်ရောက်ခွင့်ပြုဖို့ စည်းမျဉ်းတွေ ဖြေလျှော့ပေးသွားမှာ ဖြစ်သလို၊ ဆီဆိုင်တွေမှာ တန်းစီရတဲ့ ကြန့်ကြာမှုတွေကို လျှော့ချနိုင်ဖို့ ဆီသယ်ယာဉ်တွေ သွားလာခွင့် အချိန်ကိုပါ တိုးမြှင့်ပေးဖို့ သက်ဆိုင်ရာဌာနတွေနဲ့ ဘန်ကောက် မြို့တော် အုပ်ချုပ်ရေးဌာန ကို အကူအညီ တောင်းခံထားပါတယ်။ဆီစျေးနှုန်း သက်သာစေဖို့အတွက် အစိုးရအနေနဲ့ B7 ၊ B10 နဲ့ B20 လို ဇီဝဒီဇယ်တွေကို ပိုမိုအသုံးပြုဖို့ စီစဉ်နေပါတယ်။ B10 ကို ဆီဆိုင်တွေကနေတဆင့် ရောင်းချပေးသွားမှာဖြစ်ပြီး၊ စျေးနှုန်း ၂ ဘတ် ပိုသက်သာမယ့် B20 ကိုတော့ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် လက်ကားစနစ်နဲ့ တိုက်ရိုက် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီလို အပင်ထွက်ပစ္စည်း ပါဝင်မှုများတဲ့ ဆီတွေကို ပိုသုံးစွဲတာဟာ စျေးနှုန်းသက်သာစေတဲ့အပြင် စိုက်ပျိုးရေးသမားတွေကိုပါ တစ်ဖက်တစ်လမ်းကနေ ကူညီပေးရာ ရောက်ပါတယ်။ဓာတ်ဆီစျေးနှုန်းတွေနဲ့ ပတ်သက်လို့ အစိုးရက E10 (Gasohol 95) ကို ၁ ဘတ် တိုးမြှင့်လိုက်ပေမယ့်၊ E20 ကိုတော့ ၇၉ Satang လျှော့ချပေးလိုက်ပါတယ်။ အခုဆိုရင် E20 က E10 ထက် ၁၀ ဘတ်နီးပါးလောက် ပိုသက်သာသွားတဲ့အတွက် ပြည်သူတွေအနေနဲ့ E20 ကို ပိုမိုသုံးစွဲကြဖို့ အစိုးရက တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ဆီဆိုင်တွေမှာ မတရား ဈေးတင်ရောင်းတာ၊ ဆီတွေ ဝှက်ထားပြီး သိုလှောင်ထားမျိုးတွေ မရှိစေဖို့အတွက် ပြည်ထဲရေး၊ စီးပွားကူးသန်းနဲ့ စွမ်းအင်ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးအရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။


news-view-count-icon

24