၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ နောက်ဆုံးနေ့ဖြစ်သော မတ်လ ၁၇ ရက်တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၂ မြို့နယ်မှ စာစစ်ဌာန ၅၂ ခု၌ ဇီဝဗေဒနှင့် ဘောဂဗေဒ ဘာသာရပ်များကို ဖြေဆိုခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၈၃ ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့ကြောင်း တိုင်းပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။ အဆိုပါနောက်ဆုံးနေ့တွင် ဇီဝဗေဒဘာသာရပ်၌ ဖြေဆိုသူ ၁၀,၆၇၅ ဦးရှိပြီး ပျက်ကွက်သူ ၃၀၉ ဦးရှိကာ၊ ဘောဂဗေဒဘာသာရပ်တွင် ဖြေဆိုသူ ၁၀,၅၂၇ ဦးရှိပြီး ပျက်ကွက်သူ ၅၇၄ ဦး ရှိခဲ့ခြင်းဖြစ်သည်။ မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသူ စုစုပေါင်း ၂၂,၀၈၅ ဦးရှိသည့်အနက် ၈၈၃ ဦး ပျက်ကွက်ခဲ့သော်လည်း မတ်လ ၁၁ ရက်မှ ၁၇ ရက်အထိ စာမေးပွဲကာလတစ်လျှောက်လုံးတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ခဲ့ကြကြောင်း သိရှိရသည်။
Mar 18 • 2:25 AM
Myanmar
Magway
Share
| 33 | 0 | 0 | 0 |


