back

ထိုင်းဆေးရုံတွေ မီးစက် အသုံးပြုနိုင်ရေး လောင်စာဆီ အသည်းအသန် ရှာဖွေနေရ

Mar 18 • 2:04 AM

breaking-news

Thailand

Local News

cover

ထိုင်းဆေးရုံတွေ မီးစက် အသုံးပြုနိုင်ရေး လောင်စာဆီ အသည်းအသန် ရှာဖွေနေရ

လောင်စာဆီ ပြတ်လပ်မှုကြောင့် အလန့်တကြား ဖြစ်နေတဲ့ ခွန်ဘူရီဒေသရှိ ဆေးရုံမှာ အရေးကြီးတဲ့ ဆေးဝါး ကုသမှုတွေအတွက် လျှပ်စစ်ဓာတ်အား မပြတ်စေရေး အရန်မီးစက်တွေအတွက် ဒီဇယ်ဆ...

လောင်စာဆီ ပြတ်လပ်မှုကြောင့် အလန့်တကြား ဖြစ်နေတဲ့ ခွန်ဘူရီဒေသရှိ ဆေးရုံမှာ အရေးကြီးတဲ့ ဆေးဝါး ကုသမှုတွေအတွက် လျှပ်စစ်ဓာတ်အား မပြတ်စေရေး အရန်မီးစက်တွေအတွက် ဒီဇယ်ဆီ အသည်းအသန် ရှာဖွေနေရပါတယ်။ခွန်ဘူရီ ဆေးရုံမှ လျှပ်စစ်ပညာရှင် ဂျူလာပွန် ရတ်ချာတော့ခ်က မတ် ၁၇ ရက်မှာ မီးစက်သုံးလုံးအတွက် ဒီဇယ်ဆီတွေ ရှာဖွေဝယ်ယူဖို့ တာဝန်ပေးခံရတယ်လို့ ပြောပါတယ်။ဆေးရုံတွေမှာ အရေးကြီးတဲ့ ကုသမှုတွေအတွက် လျှပ်စစ်မီး ပြတ်တောက် မသွားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ထိုင်းဆေးရုံတွေက လျှပ်စစ်မီး ပြတ်တောက်မှုတွေ ရှိလာနိုင်တဲ့ အခြေအနေအတွက် မီးစက်တွေ အသုံးပြုလို့ရအောင် ဒီဇယ်ဆီတွေ ကြိုတင် စုဆောင်းနေကြပါတယ်။ထိုင်းမှာ နှစ်တစ်နှစ်ရဲ့ အခုလို အချိန်ကာလမျိုးမှာ နွေရာသီ မုန်တိုင်းတွေ တိုက်ခတ်လေ့ရှိပြီး မုန်တိုင်း တိုက်ရင် လျှပ်စစ်မီး ပြတ်တောက်လေ့ရှိပါတယ်။ဆေးရုံတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှု မလုပ်ထားဘူးဆိုရင် ဆေးဖက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ လူနာတွေအပေါ် ရိုက်ခတ်မှု ရှိလာမှာ ဖြစ်ကြောင်း လျှပ်စစ်ပညာရှင် ဂျူလာပွန်က ပြောပါတယ်။သူ့အနေနဲ့ မတ် ၁၆ ရက် တစ်ရက်လုံး လောင်စာဆီ ရရှိဖို့ ဒေသတစ်ခုလုံး လူနာတင်ယာဉ် တစ်စီးနဲ့ပိုက်စိပ်တိုက် ရှာဖွေခဲ့ရတယ်လို့ ဂျူလာပွန်က ပြောပါတယ်။




news-view-count-icon

20