အီရန် အမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူး အလီလာရီဂျာနီသည် အစ္စရေးစစ်ဘက် ၏ လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ပြီဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က မတ် ၁၇ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အလီလာရီဂျာနီသေဆုံးမှု သတင်းမှန်ကန် ကြောင်း အီရန်အစိုးရတာဝန်ရှိသူများက အတည်ပြုခြင်း မရှိသေးပေ။ သတင်းမှန်ကန် ကြောင်း အတည်ပြုနိုင်ပါက လာရီဂျာနီသည် အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့၏တိုက်ခိုက်မှုကြောင့် အီရန်ခေါင်းဆောင် အယာတိုလာအလီ ခါမေနီသေဆုံးခဲ့ရ ပြီးနောက်ပိုင်း စစ်ရေးတိုက်ခိုက်မှုဖြင့်ရှင်းလင်းခံခဲ့ရသော ရာထူးအမြင့်ဆုံး အီရန် ခေါင်းဆောင်ဖြစ်လာလိမ့်မည်ဖြစ်သည်။အလီလာရီဂျာနီကို အမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူးအဖြစ် အီရန်သမ္မတ ပီဇက်ရှ်ကီအန်က၂၀၂၅ ခုနှစ်တွင် စတင်ခန့်အပ်ခဲ့သည်။ ယင်းအပြင် အလီလာရီဂျာနီသည် အီရန်ခေါင်းဆောင် အယာတိုလာခါမေနီ၏ အကြံပေးတစ်ဦးအဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်သည်။



