back

အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၅၀၀၀ ကျော်ကို ဖန်တီးပေးနိုင်မည့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုအသစ် ၃၅ ခု ခွင့်ပြု

Mar 17 • 8:25 AM

breaking-news

Myanmar

Local

breaking-news
cover

အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၅၀၀၀ ကျော်ကို ဖန်တီးပေးနိုင်မည့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုအသစ် ၃၅ ခု ခွင့်ပြု

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်း ၅၀၀၀ ကျော်ကို ဖန်တီးပေးနိုင်မည့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု...

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်း ၅၀၀၀ ကျော်ကို ဖန်တီးပေးနိုင်မည့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုအသစ် ၃၅ ခုကို ခွင့်ပြုပေးခဲ့ကြောင်း အဆိုပါကော်မရှင်မှ သိရပါတယ်။

ကော်မရှင်၏(၃/၂၀၂၆)ကြိမ်မြောက်အစည်းအဝေးကို မတ် ၁၅ ရက်နေ့က နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေး၌ လက်ရှိဆောက်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍနှင့် လျှပ်စစ်ဓာတ်အားကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၄ ခု ကိုလည်းကောင်း၊ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍများမှ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၃၁ ခုတို့ကိုလည်းကောင်း ခွင့်ပြုပေးခဲ့ပြီး အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၀၀၃ သန်းနှင့် မြန်မာငွေကျပ် ၁,၉၅၅,၅၂၆ ဒသမ ၉၅၅ သန်းဖြစ်ကာ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၅,၀၆၄ ဦးကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရပါတယ်။



news-view-count-icon

24