၁၇.၃.၂၀၂၆ ရက်နေ့၊ ၀၉ နာရီ၀၀ အချိန်၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် လျှပ်စစ်ပစ္စည်းအရောင်ဆိုင်များအား မင်းဘူးမြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လျှပ်စစ်မီးပေါ့ဆမှုကြောင့် မီးလောင်မှုမဖြစ်ပွားစေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။



