တရုတ်နိုင်ငံ မကာအိုရှိ လူနေအိမ်ရာတစ်ခုအနီးတွင် ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့က အရောင်းမြှင့်တင်ရေးအတွက် အသုံးပြုနေသည့် လူတူစက်ရုပ်တစ်ရုပ်သည် ဖုန်းပြောနေသော အဖွားအိုတစ်ဦး၏အနောက်သို့ ရုတ်တရက်ရောက်ရှိလာပြီး အလွန်အမင်းလန့်ဖျပ်သွားစေခဲ့မှုကြောင့် ရဲတပ်ဖွဲ့က လာရောက်ခေါ်ဆောင်သွားခဲ့ရကာ၊ အဆိုပါဖြစ်စဉ်အား အွန်လိုင်းသုံးစွဲသူများက ကမ္ဘာ့ပထမဆုံး စက်ရုပ်ကို ရဲဖမ်းသည့်ဖြစ်ရပ်အဖြစ် နောက်ပြောင်ပြောဆိုနေကြသော်လည်း အမှန်တကယ်တွင် ရဲတပ်ဖွဲ့က စက်ရုပ်အား ပိုင်ရှင်ဖြစ်သူထံ ပြန်လည်အပ်နှံကာ နောက်နောင်ဂရုစိုက်ရန် သတိပေးခဲ့ခြင်းသာဖြစ်ကြောင်း သိရသည်။
| 12 | 0 | 0 | 0 |


