back

စင်ကာပူတွင် ဗီဇာသက်တမ်းကုန်ဆုံးပြီးနောက် ဆက်လက်နေထိုင်သူ နိုင်ငံခြားသား ၁၁ ဦးကို ဖမ်းဆီးအရေးယူ

Mar 17 • 3:03 AM

breaking-news

Singapore

Local News

cover

စင်ကာပူတွင် ဗီဇာသက်တမ်းကုန်ဆုံးပြီးနောက် ဆက်လက်နေထိုင်သူ နိုင်ငံခြားသား ၁၁ ဦးကို ဖမ်းဆီးအရေးယူ

စင်ကာပူနိုင်ငံအတွင်းကို အလည်အပတ်ဗီဇာ (Visit Pass) နဲ့ ဝင်ရောက်လာပြီး ဗီဇာသက်တမ်းကုန်ဆုံးသွားတဲ့တိုင်အောင် နိုင်ငံပြင်ပသို့ ပြန်မထွက်ဘဲ တရားမဝင် ဆက်လက်နေထိုင်နေက...

စင်ကာပူနိုင်ငံအတွင်းကို အလည်အပတ်ဗီဇာ (Visit Pass) နဲ့ ဝင်ရောက်လာပြီး ဗီဇာသက်တမ်းကုန်ဆုံးသွားတဲ့တိုင်အောင် နိုင်ငံပြင်ပသို့ ပြန်မထွက်ဘဲ တရားမဝင် ဆက်လက်နေထိုင်နေကြတဲ့ နိုင်ငံခြားသား ၁၁ ဦးကို မတ်လ ၁၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပူးပေါင်းစစ်ဆေးမှုအတွင်း ဖမ်းဆီးရမိခဲ့ပါတယ်‌။ အဆိုပါ ဖမ်းဆီးရမိသူအားလုံးဟာ အသက် ၂၁ နှစ်ကနေ ၄၃ နှစ်အတွင်းရှိတဲ့ နီပေါနိုင်ငံသား အမျိုးသားတွေဖြစ်ကြောင်း စင်ကာပူ လူဝင်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဂိတ်အာဏာပိုင်အဖွဲ့ (ICA) က သတင်းထုတ်ပြန်ခဲ့ပါတယ်‌။ဒီပူးပေါင်းစစ်ဆေးမှုကို ICA နဲ့ အလုပ်သမားဝန်ကြီးဌာန (MOM) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တရားမဝင် နေထိုင်သူတွေကို အလုပ်ခန့်ထားတယ်လို့ သံသယရှိရတဲ့ အစားအသောက်နဲ့ အဖျော်ယမကာဆိုင် (F&B) လုပ်ငန်းတွေကို အဓိကထား စစ်ဆေးခဲ့တာ ဖြစ်ပါတယ်‌။ ဒီစစ်ဆေးမှုအတွင်းမှာ အဆိုပါ နိုင်ငံခြားသား ၁၁ ဦးထဲက ၂ ဦးကို တရားမဝင် အလုပ်ခန့်ထားတဲ့ စင်ကာပူနိုင်ငံသား အမျိုးသား ၂ ဦးကိုလည်း စစ်ဆေးမှုတွေ လုပ်ဆောင်နေသလို တရားမဝင် နေထိုင်သူတွေကို ခိုလှုံခွင့်ပေးထားသူတွေကိုလည်း ဆက်လက်စုံစမ်းနေပါတယ်‌။

news-view-count-icon

8