စပါးအသင်းရဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား ရစ်ချာလီဆန်ဟာ ပရီးမီးယားလိဂ်မှာ ဂိုးပါဝင်ပတ်သက်မှု(၁၀၀)ပြည့်တဲ့ တတိယမြောက် ဘရာဇီးလ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ရစ်ချာလီဆန်ဟာ လီဗာပူးလ်အသင်းနဲ့ (၁-၁)ဂိုး သရေကျတဲ့ပွဲမှာ ချေပဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဒီမှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ သွင်းဂိုး (၇၃)ဂိုးနဲ့ ဂိုးဖန်တီးမှု (၂၇)ဂိုး ရှိသွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ရစ်ချာလီဆန်ဟာ ပရီးမီးယားလိဂ်မှာ ဝက်ဖို့ဒ်အတွက် (၅)ဂိုး၊ အဲဗာတန်အတွက် (၄၃)ဂိုး၊ စပါးအသင်းအတွက် (၂၅)ဂိုး သွင်းယူထားခြင်းဖြစ်ကြောင်း သိရပါတယ်။ရစ်ချာလီဆန်မတိုင်ခင် ပရီးမီးယားလိဂ်မှာ ဂိုးပါဝင်ပတ်သက်မှု(၁၀၀)ပြည့်မြောက်ခဲ့တဲ့ ဘရာဇီးလ်ကစားသမားတွေက သွင်းဂိုး(၈၀)၊ ဖန်တီးမှု(၅၀) ပြုလုပ်ခဲ့တဲ့ လီဗာပူးလ်ကစားသမား ဖေမီနို၊ မန်စီးတီးနဲ့ အာဆင်နယ်အသင်းမှာ သွင်းဂိုး (၇၈)ဂိုး၊ ဖန်တီးမှု(၄၀) ပြုလုပ်ခဲ့တဲ့ ဂျေးဇူးတို့ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မှာ ဂိုးပါဝင်ပတ်သက်မှု(၁၀၀)ပြည့်တဲ့ တတိယမြောက်ဘရာဇီးလ်ကစားသမားအဖြစ် ရစ်ချာလီဆန် မှတ်တမ်းဝင်
Mar 17 • 3:00 AM
Myanmar
International
Share
| 18 | 0 | 0 | 0 |


