back

တရုတ်နိုင်ငံက Yaogan-50 02 ဂြိုဟ်တု အောင်မြင်စွာ လွှတ်တင်

Mar 17 • 2:56 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံက Yaogan-50 02 ဂြိုဟ်တု အောင်မြင်စွာ လွှတ်တင်

တရုတ်နိုင်ငံ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာက Long March-6 သယ်ဆောင်ရေးဒုံးပျံကို အသုံးပြုပြီး အဝေးထိန်းအာရုံခံဂြိုဟ်တု Yaogan-50 02 ကို ဒေသစံတော်ချိန် မတ် ၁၅ ...

တရုတ်နိုင်ငံ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာက Long March-6 သယ်ဆောင်ရေးဒုံးပျံကို အသုံးပြုပြီး အဝေးထိန်းအာရုံခံဂြိုဟ်တု Yaogan-50 02 ကို ဒေသစံတော်ချိန် မတ် ၁၅ ရက် ည ၉ နာရီ ၂၂ မိနစ်တွင် အာကာသအတွင်းသို့ အောင်မြင်စွာလွှတ်တင်ခဲ့ပြီး ဂြိုဟ်တုမှာ သတ်မှတ်ဂြိုဟ်ပတ်လမ်းသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိသွားကာ လွှတ်တင်ရေးမစ်ရှင် အပြည့်အဝ အောင်မြင်ခဲ့သည်။Yaogan-50 02 ဂြိုဟ်တုကို နိုင်ငံတော်မြေယာစစ်တမ်းကောက်ယူခြင်း၊ သီးနှံအထွက်နှုန်းခန့်မှန်းခြင်းနှင့် ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျှော့ချရေး စသည့် နယ်ပယ်များတွင် အဓိက အသုံးပြုမည်ဖြစ်သည်။ယခုအကြိမ် မစ်ရှင်သည် Long March စီးရီး ပို့ဆောင်ရေးဒုံးပျံ၏ ၆၃၃ ကြိမ်မြောက် ပျံသန်းခြင်းဖြစ်သည်။

news-view-count-icon

8