ယာဉ်သက်သေခံလက်မှတ် (Wheel Tax) ပါ Barcode များ ဖတ်၍မရသည့် ယာဉ်များအတွက် ဆီဆိုင်များတွင် အချက်အလက်ဖြည့်သွင်းပြီး QR Code အသစ်ဖြင့် စက်သုံးဆီဝယ်ယူနိုင်မည့် စနစ်ကို မတ်လ ၁၅ ရက်နေ့မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။Barcode အရောင်မှိန်ခြင်းနှင့် အချက်အလက်ကွဲလွဲမှုများကြောင့် ဆီဝယ်ယူရာတွင် ကြန့်ကြာနေမှုများကို ဖြေရှင်းရန်ဖြစ်ပြီး၊ ယာဉ်ပိုင်ရှင်များအနေဖြင့် ၎င်းတို့၏ ယာဉ်အချက်အလက်များကို ဆီဆိုင်များ၌ ဖြည့်သွင်းကာ QR Code အသစ် ရယူနိုင်မည်ဖြစ်သည်။



