back

လာမယ့် ဧပြီ ၁ ရက်မှစပြီး EV လူစီးယာဉ်များ အခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမှာဖြစ်ပြီး ၄၀၀၁ CC နှင့်အထက် ဗင်ကားများ အခွန် ၅၀ ရာခိုင်နှုန်းအထိ ပေးဆောင်ရမယ်

Mar 16 • 12:46 PM

breaking-news

Myanmar

Local

cover

လာမယ့် ဧပြီ ၁ ရက်မှစပြီး EV လူစီးယာဉ်များ အခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမှာဖြစ်ပြီး ၄၀၀၁ CC နှင့်အထက် ဗင်ကားများ အခွန် ၅၀ ရာခိုင်နှုန်းအထိ ပေးဆောင်ရမယ်

လာမယ့် ဧပြီ ၁ ရက်မှစပြီး EV လူစီးယာဉ်များ အခွန်ငါးရာခိုင်နှုန်း ပေးဆောင်ရမှာဖြစ်ပြီး ၄၀၀၁ CC နှင့်အထက် ဗင်ကားများ အခွန် ၅၀ ရာခိုင်နှုန်းအထိ ပေးဆောင်ရမယ် ၂၀၂၆ ခု...

လာမယ့် ဧပြီ ၁ ရက်မှစပြီး EV လူစီးယာဉ်များ အခွန်ငါးရာခိုင်နှုန်း ပေးဆောင်ရမှာဖြစ်ပြီး ၄၀၀၁ CC နှင့်အထက် ဗင်ကားများ အခွန် ၅၀ ရာခိုင်နှုန်းအထိ ပေးဆောင်ရမယ် ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေတွင် ဖော်ပြထားပါတယ်။အဆိုပါဥပဒေကို မတ် ၁၅ ရက်တွင် ပြဌာန်းလိုက်ခြင်းဖြစ်ပြီး နိုင်ငံတော်မှ EV မော်တော်ယာဉ်များ သုံးစွဲမှု များပြား လာစေရန်အတွက် ၂ နှစ်ဆက်တိုက် အခွန် ကင်းလွတ်ခွင့် ပြုထားခဲ့ရာမှာ ၂၀၂၆ ခုနှစ်မှ စတင်ကာ အခွန် ၅ ရာခိုင်နှုန်း ကောက်ခံရန် ၂၀၂၆ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြဌာန်းရာတွင် ထည့်သွင်းလိုက်ခြင်းလည်း ဖြစ်ပါတယ်။လာမည့်ဧပြီ ၁ ရက်မှစတင်ပြီး အကျိုးသက်ရောက်စေရမှာဖြစ်ပြီး ဥပဒေအရ ဘက်ထရီလျှပ်စစ်သုံးလူစီးယာဉ်များမှာ အခွန် ၅ ရာခိုင်နှုန်း၊ ၁၅၀၁ CC မှ ၂၀၀၀ CC အထိ ဗင်ကားများ၊ ဆလွန်းဆီဒင်ကားများ၊ ဝက်ဂွန်ကားများမှာ အခွန် ၁၀ ရာခိုင်နှုန်း၊ Double Cab 4 Door၊ Pickup ကားများ အပါအဝင် Pickup ကားများမှအပ ၂၀၀၁ CC မှ ၄၀၀၀ CC အထိ ဗင်ကားများ၊ ဆလွန်းဆီဒင်ကားများ၊ ဝက်ဂွန်(Estate Wagon)ကားများ၊ ကုပေး (Coup)ကားများမှာ အခွန် ၃၀ ရာခိုင်နှုန်းပေးဆောင်ရမယ်လို့ သိရပါတယ်။ထို့အပြင် Double Cab 4 Door၊ Pickup ကားများ အပါအဝင် Pickup ကားများမှအပ ၄၀၀၁ CC နှင့်အထက် ဗင်ကားများ၊ ဆလွန်းဆီဒင်ကားများ၊ ဝက်ဂွန်(Estate Wagon)ကားများ၊ ကုပေး (Coup)ကားများမှာ အခွန် ၅၀ ရခိုင်နှုန်းအထိ ပေးဆောင်ရမယ်လို့လည်း သိရပါတယ်။



news-view-count-icon

22