ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် မတ်လ ၁၅ ရက် နေ့လယ်ပိုင်းက လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းကာ မိုးသီးများ အလုံးလိုက်ကြွေကျခဲ့ရာ လူနေအိမ်နှင့် သီးပင်စားပင်များ ပျက်စီးခဲ့သည့်အပြင် တိရစ္ဆာန်အချို့လည်း သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။ လားရှိုးမြို့ရှိ ရပ်ကွက်အချို့တွင် ကားမှန်များအက်ခြင်းနှင့် ငှက်၊ ကြက် စသည့်တိရစ္ဆာန်ငယ်များ မိုးသီးထိမှန်သေဆုံးခြင်းများရှိခဲ့ပြီး၊ အလားတူ ကချင်ပြည်နယ် နမ္မတီးမြို့တွင်လည်း စံချိန်တင်ကြီးမားသည့် မိုးသီးများ ကြွေကျခဲ့သည်။ မိုးလေဝသခန့်မှန်းချက်များအရ မတ်လ ၁၆ ရက်နောက်ပိုင်းတွင် မိုးရွာသွန်းနိုင်ခြေနည်းသွားပြီး လကုန်အထိ နေပူပြင်းသည့်ရက်များ ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။
လားရှိုးမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးများကြွေကျမှုကြောင့် ပျက်စီးဆုံးရှုံးမှုများရှိနေ
Mar 16 • 7:46 AM
Myanmar
Shan
Share
| 17 | 0 | 0 | 0 |


