CNG အသုံးပြုနေသည့် မော်တော်ယာဉ်များတွင် Metering စနစ်တပ်ဆင်မည်။စက်သုံးဆီအခက်အခဲဖြစ်ပေါ်နေချိန်၌ CNG သုံး Taxi များ ငှားရမ်းခတိုးမြှင့်တောင်းခံ၍ တိုင်ကြားခံရပြီး စိ စစ်သိရှိပါက CNG သုံးစွဲခွင့်စာရင်းမှပယ်ဖျက်မည်ဖြစ် ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်၏ပြောကြားချက်အရ သိရသည်။၎င်းမှ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အ ဆင်ပြေချောမွေ့စေရေးအတွက် မော်တော်ယာဉ်သုံးသ ဘာဝဓာတ်ငွေ့(CNG)အရောင်းဆိုင်များမှ မော်တော် ယာဉ်သုံးသဘာဝဓာတ်ငွေ့များရောင်းချပေးလျက်ရှိရာ ပြည်သူများ အမှန်တကယ်အကျိုးခံစားခွင့်ရရှိစေရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Mar 16 • 6:57 AM
Myanmar
Local
Share
| 12 | 0 | 0 | 0 |


