back

ခရီးဝေးသွားလာသောကိုယ်ပိုင်ယာဉ်များ စက်သုံးဆီဖြည့်ရန်လိုအပ်ပါက Scan ထပ်မံဖတ်ရန်မလိုပြန်

Mar 16 • 6:10 AM

breaking-news

Myanmar

Local

cover

ခရီးဝေးသွားလာသောကိုယ်ပိုင်ယာဉ်များ စက်သုံးဆီဖြည့်ရန်လိုအပ်ပါက Scan ထပ်မံဖတ်ရန်မလိုပြန်

စက်သုံးဆီဝယ်ယူမှု စနစ်သစ်ကြောင့် ခရီးသွားလာသူများ အခက်အခဲမရှိစေရန်အတွက် အဝေးပြေးလမ်းမကြီးများနှင့် မိုင် ၁၀၀ အထက်ဝေးကွာသော မြို့များရှိ ဆီဆိုင်များတွင် ကိုယ်ပို...

စက်သုံးဆီဝယ်ယူမှု စနစ်သစ်ကြောင့် ခရီးသွားလာသူများ အခက်အခဲမရှိစေရန်အတွက် အဝေးပြေးလမ်းမကြီးများနှင့် မိုင် ၁၀၀ အထက်ဝေးကွာသော မြို့များရှိ ဆီဆိုင်များတွင် ကိုယ်ပိုင်ယာဉ်များ ဆီထပ်မံဖြည့်တင်းပါက QR Scan ထပ်မံဖတ်ရန် မလိုတော့ဘဲ ယခင်ဝယ်ယူထားသည့် ငွေရှင်းပြေစာ (Voucher) ပြသရုံဖြင့် ဝယ်ယူနိုင်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက မတ်လ ၁၄ ရက် ညပိုင်းတွင် ထုတ်ပြန်လိုက်သည်။ လက်ရှိတွင် QR စနစ်ကို မြို့ကြီးများ၌ စတင်ကျင့်သုံးနေပြီး နည်းပညာပိုင်း မြှင့်တင်မှုများ ဆောင်ရွက်နေစဉ်အတွင်း ခရီးသွားယာဉ်များ ဆီသိုလှောင်သယ်ဆောင်ရသည့် အန္တရာယ်ကို လျှော့ချနိုင်ရန် ယခုကဲ့သို့ ဖြေလျှော့ပေးခြင်းဖြစ်သည်။ နိုင်ငံတော်အတွင်း စက်သုံးဆီသိုလှောင်ထားမှုမှာ ရက် ၄၀ မှ ၅၀ စာအထိ ရှိနေသည့်အပြင် ဆီတင်သင်္ဘော ၂၀ စီးခန့် ဆိုက်ကပ်ရန်နှင့် လမ်းခရီးတွင် ရှိနေသဖြင့် ဆီပြတ်လပ်မှုမရှိစေရန် စီမံထားကြောင်းလည်း သိရသည်။

news-view-count-icon

20