၁၅.၃.၂၀၂၆ ရက်နေ့၊ ၁၅ : ၄၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ သိုက်တူးကန်ကျေးရွာတွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု့ကြောင့် လူနေအိမ်ပြိုခြင်း၊ အမိုးလန်ခြင်းနှင့် သစ်ပင်လဲခြင်းများဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သုံးခွမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။



