back

အချို့သောမြွေများအစာမရှိဘဲကာလကြာရှည်နေထိုင်နိုင်သည့်အကြောင်းအရင်း

Mar 15 • 4:01 AM

breaking-news

Myanmar

International

cover

အချို့သောမြွေများအစာမရှိဘဲကာလကြာရှည်နေထိုင်နိုင်သည့်အကြောင်းအရင်း

မြွေလိုမျိုးသတ္တဝါတွေက အစာမစားဘဲနဲ့ ရက်သတ္တပတ်တွေ လတွေကြာအောင် နေနိုင်ကြကာ မျိုးဗီဇပြောင်းလဲမှုများကြောင့် ဖြစ်နိုင်တယ်လို့ တွေ့ရှိထားပါတယ်။ အချို့သော မြွေတွေန...

မြွေလိုမျိုးသတ္တဝါတွေက အစာမစားဘဲနဲ့ ရက်သတ္တပတ်တွေ လတွေကြာအောင် နေနိုင်ကြကာ မျိုးဗီဇပြောင်းလဲမှုများကြောင့် ဖြစ်နိုင်တယ်လို့ တွေ့ရှိထားပါတယ်။ အချို့သော မြွေတွေနဲ့ တွားသွားသတ္တဝါတွေမှာ ဂရီလင်လို့ခေါ်တဲ့ ဆာလောင်မှုဟော်မုန်း မရှိကြတာကြောင့် အစာမစားဘဲ အချိန်ကြာမြင့်စွာ နေနိုင်ကြတာ ဖြစ်ပါတယ်။ သုတေသီတွေက မြွေ၊ မိကျောင်း၊ ပုတ်သင်အပါအဝင် တွားသွားမျိုးစိတ် ၁၁၂ မျိုးရဲ့ မျိုးဗီဇပစ္စည်းများကို နှိုင်းယှဉ်ကြည့်ရာမှာ ဂရီလင်နဲ့ လှုံ့ဆော်ပေးတဲ့ အင်ဇိုင်းတို့ဟာ မြွေမျိုးစိတ် ၃၂ မျိုးမှာ မရှိတာကို တွေ့ရပါတယ်။ ပုတ်သင်နဲ့ အိမ်မြှောင်မျိုးစိတ်အချို့မှာလည်း အလားတူပုံစံတွေ့ရပြီး မိကျောင်းတွေကတော့ အစာမစားဘဲ ၁ နှစ်လောက် နေနိုင်ပေမယ့် မျိုးဗီဇနှစ်ခုစလုံး ရှိနေပါတယ်။ ဒါပေမဲ့ ကြွက်တွေကို စမ်းသပ်ရာမှာတော့ ဂရီလင်မရှိခြင်းက အစာအစားချင်စိတ်ကို မပြောင်းလဲစေပါဘူး။

news-view-count-icon

22