ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲထော်သလေးကျေးရွာအနီးရှိ အဆောက်အအုံများနှင့် နေအိမ်များအတွင်း တရားမဝင် ပုန်းအောင်းနေထိုင်လျက်ရှိသော တရုတ်နိုင်ငံသား (၈၀) ဦးအပါအဝင် ပြည်ပနိုင်ငံသားစုစုပေါင်း (၈၆) ဦးကို မတ်လ ၁၄ ရက်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့က ဝင်ရောက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသူများတွင် တရုတ်နိုင်ငံသားများအပြင် ဖိလစ်ပိုင် (၂) ဦး၊ ထိုင်း (၂) ဦး၊ မလေးရှား (၁) ဦးနှင့် ဗီယက်နမ် (၁) ဦးတို့ ပါဝင်ပြီး ၎င်းတို့အား မြဝတီမြို့၌ ထိန်းသိမ်းကာ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များ စိစစ်မေးမြန်းခြင်းနှင့် ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြဝတီမြို့တွင် တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသား ၈၆ ဦးကို ဖမ်းဆီးရမိ
Mar 15 • 3:37 AM
Myanmar
Kayin
Share
| 20 | 0 | 0 | 0 |


