back

ထိုင်းမှာ မနက်ဖြန်ကစပြီး ကြက်ဥ တစ်ကတ် ၆ ဘတ်ဈေးတက်မည်

Mar 15 • 2:45 AM

breaking-news

Thailand

Local News

cover

ထိုင်းမှာ မနက်ဖြန်ကစပြီး ကြက်ဥ တစ်ကတ် ၆ ဘတ်ဈေးတက်မည်

ကြက်ဥထုတ်လုပ်သူတွေရဲ့အဆိုအရ ထိုင်းမှာ မတ်လ ၁၆ ရက်ကစပြီး ကြက်ဥ တစ်လုံးကို 0.20 ဘတ် ဈေးတက်မှာဖြစ်ပြီး တစ်ကတ် (အလုံး ၃၀ ကတ်) ဆိုရင် ၆ ဘတ်အထိ ဈေးတက်သွားမှာဖြစ်တယ် လ...

ကြက်ဥထုတ်လုပ်သူတွေရဲ့အဆိုအရ ထိုင်းမှာ မတ်လ ၁၆ ရက်ကစပြီး ကြက်ဥ တစ်လုံးကို 0.20 ဘတ် ဈေးတက်မှာဖြစ်ပြီး တစ်ကတ် (အလုံး ၃၀ ကတ်) ဆိုရင် ၆ ဘတ်အထိ ဈေးတက်သွားမှာဖြစ်တယ် လို့သိရပါတယ်။ အခုလို ဈေးတက်တဲ့ ကိစ္စကို ကြက်ဥထုတ်လုပ်မွေးမြူရေးခြံတွေက ပူးပေါင်း အတည်ပြုခဲ့တာဖြစ်ပြီး Paet Riu Egg Farmer Cooperative, Chonburi Egg Farmer Cooperative, Chiang Mai-Lamphun Egg Farmer Cooperative, Noi River Basin Egg Coperative အဖွဲ့အစည်းတွေက စာထုတ်ပြန်ထားတာပါ။ သူတို့အဆိုအရ အခုလိုဈေးတက်တာက လက်ရှိဈေးကွက်အခြေအနေကြောင့်ဖြစ်သလို၊ ကြက်မကြီးတွေကို သားသတ်ရောင်းမှုတွေ ပိုများလာတဲ့အပြင် ကြက် နုနုထွတ်ထွတ်လေးတွေကလည်း ဥ ကောင်းကောင်း မဥနိုင်သေးလို့ဆိုပြီး ပြောပါတယ်။ ရာသီဥတုကလည်းပူတော့ ဥအထွက်လည်း နည်းလို့ ဈေးတွေတက်လာတာပါ။

news-view-count-icon

18