ဘုန်းမောက်အသင်းနည်းပြ အီရာအိုလာက သူ့အနာဂတ်အတွက် ဆုံးဖြတ်ချိန် နီးစပ်လာပြီလို့ ဝန်ခံခဲ့ပါတယ်။ဒါ့အပြင် သူ့ရဲ့စာချုပ်ကိစ္စကို အမြန်ဆုံးဖြေရှင်းလိုတယ်လို့လည်း ပြောခဲ့ပါတယ်။အီရာအိုလာ(၄၃ နှစ်)ရဲ့လက်ရှိစာချုပ်ဟာ အခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။၎င်းဟာ ၂၀၂၃ ခုနှစ် ဇွန်လမှာ ဘုန်းမောက်အသင်းကို ရောက်လာပြီး ပထမဆုံးနှစ်ရာသီမှာ ပရီးမီးယားလိဂ်စံချိန်တင်အမှတ်တွေရရှိစေခဲ့ပါတယ်။ကနဦး နှစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး နောက်ပိုင်းမှာ အခုရာသီကုန်အထိ အသင်းမှာရှိနေမယ့် ၁၂ လ သက်တမ်းတိုးခဲ့ပါတယ်။အီရာအိုလာဟာ စပါး၊ ခရစ္စတယ်ပဲလေ့စ်၊ မန်ယူနိုက်တက်အသင်းတွေနဲ့ သတင်းထွက်ထားပါတယ်။
Mar 15 • 1:30 AM
Myanmar
International
Share
| 16 | 0 | 0 | 0 |


