back

ရှမ်းပြည်နယ်၊ကွတ်ခိုင်မှာ နယ်မြေပဋိပက္ခများ ဖြစ်ပွားလာတာကြောင့် စာမေးပွဲဖြေနေတဲ့ ကျောင်းသူကျောင်းသားတွေ တစ်ဝက်တစ်ပျက်နဲ့ နားလိုက်ရ

Mar 15 • 1:28 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊ကွတ်ခိုင်မှာ နယ်မြေပဋိပက္ခများ ဖြစ်ပွားလာတာကြောင့် စာမေးပွဲဖြေနေတဲ့ ကျောင်းသူကျောင်းသားတွေ တစ်ဝက်တစ်ပျက်နဲ့ နားလိုက်ရ

ရှမ်းပြည်နယ်၊ကွတ်ခိုင်မြို့တွင် မတ်လ ၁၄ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ နယ်မြေ ပဋိပက္ခများ ဖြစ်ပေါ်လာပြီးနောက် စာမေးပွဲဖြေနေတဲ့ ကျောင်းသူကျောင်းသားတွေ တစ်ဝက်တစ်ပျက...

ရှမ်းပြည်နယ်၊ကွတ်ခိုင်မြို့တွင် မတ်လ ၁၄ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ နယ်မြေ ပဋိပက္ခများ ဖြစ်ပေါ်လာပြီးနောက် စာမေးပွဲဖြေနေတဲ့ ကျောင်းသူကျောင်းသားတွေ တစ်ဝက်တစ်ပျက်နဲ့ နားလိုက်ရတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။တအာင်းပြည်ပညာရေးကောင်စီ - TLEC ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေမှာ မတ်လ ၁၄ ရက်မှာ ၉ တန်းတွေ စာမေးပွဲဖြေဆိုရမယ့် နောက်ဆုံးနေ့ဖြစ်ပြီး ကိုးကန့်ဘက်က မြို့ထဲ ပစ်ခတ်လာတာကြောင့် စာမေးပွဲချိန်ပြီးအောင် မဖြေခဲ့ရဘူးလို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။၅ တန်းတွေက မနေ့ကတည်းကပြီးတာ။ ၉ တန်းတွေကတော့ ဒီနေ့နောက်ဆုံးဖြေတာ။ ကလေးတွေ ဖြေလို့တောင် မပြီးသေးဘူး။ ပစ်နေပြီဆိုတော့ ဆရာမတွေလည်း ပြန်လွှတ်ပေးလိုက်တာပေါ့။ မြို့ထဲမှာလည်း ဆိုင်တွေအကုန်ပိတ်နေပြီ"ဟုကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

news-view-count-icon

11