မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှာရှိတဲ့ နိုင်လှုံကျေးရွာအုပ်စုအတွင်းက မြေဧရိယာ (၃၆၈.၂၇) ဧကကို စက်မှုဇုန်မြေနေရာအဖြစ် ဖော်ထုတ်ဖို့အတွက် တင်ဒါခေါ်ယူနေတယ်လို့ သိရပါတယ်။အဆိုပြုလျှောက်လွှာတွေကိုတော့ ၂၀၂၆ ခုနှစ် မတ်လ ၁၃ ရက်နေ့ကနေ မတ်လ ၂၅ ရက်နေ့အထိ ရုံးချိန်အတွင်း ရောင်းချပေးသွားမှာဖြစ်ပြီး လျှောက်လွှာတစ်စောင်ရဲ့ တန်ဖိုးကတော့ ကျပ် (၅၀,၀၀၀) ဖြစ်တယ်လို့ သိရပါတယ်။လျှောက်လွှာတွေကိုတော့ မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၊ ကျိုက္ခမီလမ်း၊ မောင်ငံရပ်၊ မော်လမြိုင်မြို့ကို ၂၀၂၆ ခုနှစ် မတ်လ ၂၆ ရက်နေ့ နောက်ဆုံးထားပြီး တင်သွင်းရမှာဖြစ်ပါတယ်။



