စင်ကာပူနိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို လေ့လာနိုင်ဖို့နဲ့ ကျန်းမာတဲ့ လူနေမှုဘဝကို မြှင့်တင်ဖို့အတွက် ရပ်ကွက် ၅ ခုမှာ လမ်းလျှောက်လမ်း (Walking Trails) အသစ်တွေကို မတ်လ ၁၄ ရက် ဒီကနေ့မှာ ဖွင့်လှစ်လိုက်ပါတယ်၊၊ ဒါဟာ ၂၀၂၅ ခုနှစ် ဩဂုတ်လက စတင်ခဲ့တဲ့ Walking Trails @ CDC အစီအစဉ်ရဲ့ ဒုတိယအဆင့်ဖြစ်ပြီး အမျိုးသားအမွေအနှစ်ဘုတ်အဖွဲ့ (NHB) နဲ့ ပူးပေါင်းဖော်ဆောင်ထားတာ ဖြစ်ပါတယ်၊၊ ဒီလမ်းတွေမှာ စင်ကာပူရဲ့ သမိုင်းဝင် အထင်ကရနေရာတွေ၊ ယဉ်ကျေးမှုနယ်မြေတွေကို လေ့လာနိုင်မှာပါ၊၊ ဒီလမ်းလျှောက်လမ်းတွေဟာ မိမိဘာသာ လမ်းညွှန်ချက်အတိုင်း လျှောက်ရတာဖြစ်ပြီး ဒစ်ဂျစ်တယ် စစ်ဆေးရေးဂိတ်တွေကို ဖြတ်ကျော်တိုင်း ဗဟုသုတရစရာ သမိုင်းကြောင်းတွေကို လေ့လာနိုင်မှာပါ၊၊ ဒါ့အပြင် အောက်ပါအတိုင်း ဆုလာဘ်တွေလည်း ရနိုင်ပါတယ် - RedeemSG ဆုကြေး (၅ ဒေါ်လာ): လမ်းကြောင်းတစ်ခုကို ပြီးဆုံးအောင် လျှောက်ပြီး ဂိတ်တစ်ခုချင်းစီက အလုပ်တွေကို လုပ်ဆောင်ပါက ၅ ဒေါ်လာတန် ဆုကြေးရပါမယ်၊၊ အဲဒီဆုကြေးကို သတ်မှတ်ထားတဲ့ စူပါမားကတ်တွေမှာ သုံးနိုင်ပါတယ်၊၊



