back

Facebook မိခင်ကုမ္ပဏီ Meta က ဝန်ထမ်း အများအပြား ထုတ်ပယ်ဖို့ စီစဉ်

Mar 14 • 7:27 AM

breaking-news

Myanmar

International

cover

Facebook မိခင်ကုမ္ပဏီ Meta က ဝန်ထမ်း အများအပြား ထုတ်ပယ်ဖို့ စီစဉ်

Facebook ရဲ့ မိခင်ကုမ္ပဏီ Meta Platforms က ကုမ္ပဏီဝန်ထမ်းအရေအတွက်ရဲ့၂၀ ရာခိုင်နှုန်း ဒါမှမဟုတ် အဲဒီထက်ပိုတဲ့အထိ လျှော့ချနိုင်တဲ့ အကြီးစား အလုပ်ထုတ်ပယ်မှု အစီအမံ...

Facebook ရဲ့ မိခင်ကုမ္ပဏီ Meta Platforms က ကုမ္ပဏီဝန်ထမ်းအရေအတွက်ရဲ့၂၀ ရာခိုင်နှုန်း ဒါမှမဟုတ် အဲဒီထက်ပိုတဲ့အထိ လျှော့ချနိုင်တဲ့ အကြီးစား အလုပ်ထုတ်ပယ်မှု အစီအမံတစ်ခုကို စီစဉ်နေတယ်လို့ သတင်းရင်းမြစ် ၃ ခုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။အခုလို ဝန်ထမ်းအင်အား လျှော့ချရတဲ့အကြောင်းအရင်းကတော့ AI (Artificial Intelligence) ဉာဏ်ရည်တုနည်းပညာအတွက် အခြေခံအဆောက်အဦတွေ တည်ဆောက်ရာမှာ ကုန်ကျစရိတ်များလာတာကို ထိန်းချုပ်ဖို့နဲ့ AI ကူညီတဲ့ ဝန်ထမ်းစနစ်ကြောင့် အလုပ်လုပ်ပုံ ပိုထိရောက်လာမယ့်အခြေအနေကို ပြင်ဆင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။အခုအချိန်ထိ ဝန်ထမ်းလျှော့ချမယ့် ရက်အတိအကျ မသတ်မှတ်ရသေးသလို ပမာဏလည်း နောက်ဆုံး ဆုံးဖြတ်ချက် မချရသေးပါဘူး လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။တကယ်လို့ Meta က ၂၀ ရာခိုင်နှုန်း လျှော့ချဖို့ ဆုံးဖြတ်ခဲ့ရင် အဲဒီ အလုပ်ထုတ်ပမယ်မှုဟာ ၂၀၂၂ နှစ်ကုန်နဲ့ ၂၀၂၃ နှစ်အစမှာ ပြုလုပ်ခဲ့တဲ့ ပြန်လည်ဖွဲ့စည်းမှုနောက်ပိုင်း အကြီးဆုံး ထုတ်ပယ်မှု ဖြစ်လာမှာ ဖြစ်ပါတယ်။ကုမ္ပဏီရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ဝန်ထမ်း ၇၉,၀၀၀ နီးပါး ရှိပါတယ်။Meta က ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ ဝန်ထမ်း ၁၁,၀၀၀ ခန့် (ကုမ္ပဏီတစ်ခုလုံးဝန်ထမ်း အင်အားရဲ့၁၃% ခန့်) ကို လျှော့ချခဲ့ပြီး၊ လေးလခန့်အကြာမှာ နောက်ထပ် ဝန်ထမ်း ၁၀,၀၀၀ ကို ထပ်မံလျှော့ချမယ် လို့ ကြေညာခဲ့ပါတယ်။



news-view-count-icon

22